မက်ဆီနှင့်အတူ ပြန်ကစားချင်တဲ့ နေမာ

မတ် ၆

အယ်ဟီလယ်အသင်းရဲ့ ဘရာဇီးတောင်ပံကစားသမား နေမာက အသင်းဖော်ဟောင်း မက်ဆီနဲ့အတူ အနာဂတ်မှာ တစ်သင်းတည်း ပြန်ကစားချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

အခုအချိန်မှာ ဆော်ဒီကလပ် အယ်ဟီလယ်အသင်းရဲ့ ကစားသမားအဖြစ် ကစားနေရပေမယ့်လည်း အယ်ဟီလယ်အသင်းမှ ထွက်ခွာမယ်ဆိုပါက မက်ဆီနဲ့အတူ တစ်သင်းတည်းမှာ ကစားချင်တယ်လို့ အသက်(၃၀)နှစ်ရှိ နေမာက ပြောလာခဲ့ပါတယ်။

မက်ဆီနဲ့ နေမာတို့(၂)ယောက်လုံးဟာ ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်ကြသလို ဘာစီလိုနာ၊ ပီအက်ဂျီအသင်း တွေမှာလည်း အသင်းဖော်တွေအဖြစ် အချိန် အတော်ကြာ တွဲကစားခဲ့ဖူးတဲ့လူတွေလည်း ဖြစ်ပါတယ်။