ဂါဇာမြောက်ပိုင်းတွင် ကလေးငယ်များ ငတ်မွတ်သေဆုံး


မတ် ၅

ဂါဇာမြောက်ပိုင်းဒေသတွင် ကလေးငယ်များ ငတ်မွတ်သေဆုံးနေရကြောင်း WHO အကြီးအကဲကပြောသည်။

Kamal Adwan ဆေးရုံတွင် အဟာရချို့တဲ့မှုနှင့် ရေဓာတ်ခန်းခြောက်မှုကြောင့် အနည်းဆုံး ကလေးငယ် ၁၅ ဦးသေဆုံးခဲ့ရကြောင်း ဂါဇာရှိ ဟားမတ်စ်ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည်။

၁၆ ဦးမြောက် သေဆုံးသည့် ကလေးငယ်သည် ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် တောင်ပိုင်းရှိ Rafah မြို့ ဆေးရုံတစ်ခုတွင် ဖြစ်ကြောင်းသိရသည်။

ဂါဇာတွင် အငတ်ဘေးအား ရှောင်လွဲရန်မရသည်အထိ ဖြစ်နေကြောင်း ပြီးခဲ့သည့်သတင်းပတ်တွင် ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။

ဂါဇာကမ်းမြောက်ပိုင်းဒေသတွင်နေထိုင်သည့် လူဦးရေ လေးပုံတစ်ပုံဖြစ်သော အနည်းဆုံး ၆ သိန်းဝန်းကျင်တွင် စားနပ်ရိက္ခာ ပြတ်တောက်မှုနှင့် ရင်ဆိုင်နေရပြီး အသက် ၂ နှစ်အောက် ကလေးငယ် ၆ ဦးတွင် တစ်ဦးက ပြင်းထန်သည့် အဟာရချို့တဲ့မှုနှင့် ရင်ဆိုင်နေရကြောင်း ကုလအကြီးတန်းအရာရှိ တစ်ဦးကဆိုသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN