ရန်ကုန်၊ ကရင်၊ ပဲခူးတို့တွင် ဖေဖော်ဝါရီလကုန်နှင့် မတ်လဆန်းတို့တွင် တရားမဝင် သစ်၊စားသောက်ကုန်၊ လူသုံးကုန်နှင့်မော်တော်ယာဉ်ဖမ်းဆီးရမိမှု အမှုတွဲ (၁၀) မှု ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၁၄၀၀ ကျော်ရှိ

မတ် ၃

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ

အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီ ၂၉ ရက်နေ့က စစ်ဆေးမှုများဆောင်ရွက်ရာတွင် အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့်ရုတ်နိုင်ငံထုတ် Polyester 3D Air Mesh ခေါင်းအုံး ၆၀၅ ဒသမ ၅ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၉၈၀၀၀)ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၂၉ ရက်တွင် ရွာသာကြီး Dry Port ၌ သာမညမှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် Lactasoy ပဲနို့ဘူး ၁၅၀၀၀ အပါအဝင် ကုန်ပစ္စည်းလေးမျိုး (ခန့်မှန်တန်ဖိုးငွေကျပ် ၁၂၃၀၀၀၀၀)နှင့် အဆိုပါ ပစ္စည်းများတင်ဆောင်လာသည့် Higer Truck တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၈၀၀၀၀၀၀) ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရ ဖမ်းဆီးခဲ့ကြောင်းသိကသည်။

ထို့အပြင် မတ် ၁ ရက်တွင် တွံတေးမြို့နယ် တွံတေး – လှိုင်သာယာကားလမ်း တမာတကောကျေးရွာအနီး၌ မော်တော်ယာဉ်တစ်စီး‌ပေါ်မှ တရားမဝင် အခြားသစ် ၂၉ ဒသမ ၂၁၃ တန် (ခန့်မှန်း တန်ဖိုး ငွေကျပ် ၄၃၈၂၀၁၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Toyota Dyna တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၀၀၀၀၀၀)ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၈၉၆၈၂၀၁၀ ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်နေကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက မတ် ၂ ရက်တွင် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်နှင့် တောင်ငူခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် ၂ ဒသမ ၁၆၀ တန်၊ အခြားသစ် ၆ ဒသမ ၅၂၈ တန် စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၉၇၈၃၆ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က မတ် ၂ ရက်တွင် စစ်ဆေးမှုများ ဆောင်ရွက်ရာ ဘားအံမြို့ ကမော့ကစင်ကျေးရွာအနီး၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Lactasoy ပဲနို့ဘူး ၇၈၀၀၊ Lipovitan-D အားဖြည့်အချိုရည် ပုလင်း ၁၇၅၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၂၅၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yar Zar Mini Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၂၅၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၉ ရက်၊ မတ် ၁ ရက်နှင့် ၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၀) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၁၀၂၇၈၄၆) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီထံမှ သိရသည်။

#PAN