ဝိုင်းမော်မြို့နယ်၊ မဒိန်ခကျေးရွာအနီး အကြမ်းဖက်သောင်းကြမ်းသူများ၏ ထောင်ထားသော မိုင်းကိုနင်းမိ၍ အမျိုးသမီးကြီး ၁ ဦး နေရာ၌ သေဆုံး


ဖေဖော်ဝါရီ ၂၈

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မဒိန်ခကျေးရွာအနီး ယမန်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်၀န်းကျင်ခန့်တွင် အမျိုးသမီး ၁ ဦး အကြမ်းဖက်သမားများထောင်ထားသော မိုင်းကိုနင်းမိ၍ သေဆုံးသွားကြောင်း သိရှိရသည်။

အဆိုပါမိုင်းနင်းမိသူအမျိုးသမီးသည် မဒိန်ကျေးရွာနေ ဒေါ်ကိဝမ် ၊အသက် ၇၀ နှစ်ဆိုသူ အမျိုးသမီးကြီး ၁ ဦးဖြစ်ကြောင်း ၊အကြမ်းဖက်သမားများ ထောင်ထားသော မှိုင်းကို နင်းမိ၍ နေရာ၌ သေဆုံးခဲ့ကြောင်း ၀ိုင်းမော်ဒေသခံများထံမှ သိရှိရသည်။

အကြမ်းဖက်သောင်းကြမ်းသူများသည် အများပြည်သူသွားလာနေသော လမ်းမကြီးများပေါ်တွင် မိုင်းထောင်ခြင်းများ နေရာဒေသအသီးသီး၌ လုပ်ဆောင်လာရာ အကြမ်းသမားများ၏ မိုင်းများကြောင့် အရပ်သားပြည်သူအများအပြား သေဆုံးလျှက်ရှိကြောင်း နေ့စဉ်လိုလို သတင်းများကြား သိရသည်။

PAN