မိုးပေါ်ထောင်ပစ်ပြီး ခလရ ၉၇ ကိုသိမ်းပြီဟု လုပ်ကြံရုပ်သံဖြင့် အကြမ်းဖက်သမားများမှ သတင်းမှားထုတ်လွှင့်


ဖေဖော်ဝါရီ ၂၉

ကော့ကရိတ် မြို့ရှိ နယ်မြေခံ ခလရ ၉၇ တပ်ရင်းကိုဒီမနက်သိမ်းယူလိုက်ပြီ၊ ဒီမနက် ကကရ က ခလရ ၉၇ ကျပြီ ဟု အကြမ်းဖက်သောင်းကြမ်းသူများနှင့် အကြမ်းဖက်အားပေး ထောက်ခံရေးသားနေကြသောမီဒီယာများမှ ရေးသားထုတ်ပြန်နေကြသကဲ့သို့ စစ်တပ်ထောက်ခံသူများအတွင်းတွင်ပါသတင်းပျံနှံ့လျက်ရှိကြောင်းသိရှိသည်။

အဆိုပါ သတင်းနှင့်ပတ်သက်ပြီး PAN သတင်းဌာနမှ နယ်မြေခံ သက်ဆိုင်ရာအဖွဲ့များထံဆက်သွယ်သတင်းအတည်ပြုချက်ရယူခဲ့ရာမှာ အကြမ်းဖက်သောင်းကျန်းသူ ကျားဖြူအဖွဲ့မှ PDF ၃ယောက် ခန့်သည် လွန်ခဲ့သောလက ခလရ ၉၇ ဗောဓိ ကျောင်းဂိတ်ပေါက်ဘက် မုဒ်ဦးတွင် မိုးပေါ်သို့ ငယ်ပစ်ဖောက်ကာ ခလရ ၉၇ အား၀င်တိုက် ၀င်သိမ်းနေသည့်ပုံစံ ရုပ်သံရိုက်ကူးပြီး online ပေါ်သို့ အကြမ်းဖက်အားပေးမှုများကိုဖော်ပြနေသော သတင်းမီဒီယာများမှ ထုတ်လွှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါရုပ်သံကို အကြမ်းဖက်သောင်းကျန်းသူများဘက်မှ ဒီရက်ပိုင်းအတွင်း online ပေါ် ပြန်လည်တင်နေမူကြောင့် ဒေသခံပြည်သူများ သတင်းအမှားကိုယုံပြီးယခုကညြ့သို့ သတင်းမျိုးကြားသိရပြီးပျံနှံနေခြင်းဖြစ်ကာ သတင်းမှာ မှန်ကန်မရှိကြောင်း သိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး မြို့နေပြည်သူများအနေဖြင့် မယုံကြည်ကြဖို့ကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းများက အသိပေးနှိုးဆော်နေကြောင်း သိရသည်။

PAN