ထိုင်းနိုင်ငံမှ ရွှေဘိုသနပ်ခါးများကို မှာယူမှုများပြားနေ


ဖေဖော်ဝါရီ ၂၉

မြန်မာပြည်မှ ထွက်ရှိတဲ့ ရွှေဘိုသနပ်ခါးများကို ပြည်တွင်းဈေးကွက်မှာ ရောင်းအားတက်နေတဲ့အပြင် ထိုင်းနိုင်ငံမှ မှာယူမှုအများအပြားရှိနေတယ်လို သိရပါတယ်။

အဆိုပါ ရွှေဘိုသနပ်ခါးများကို ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ အများဆုံးဝယ်ယူပြီး ဈေးနှုန်းအနေနဲ့ အရွယ်အစားပေါ်မူတည်ပြီး ကွဲပြားကြောင်း သိရပါတယ်။ သနပ်ခါးပင်ကို သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံ အနောက်ပိုင်း၊ ထိုင်းနိုင်ငံ၊ ပါကစ္စတန်နှင့် မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသတိုမှာ တွေ့ရှိရတယ်လို စစ်တမ်းများအရ သိရပါတယ်။

သနပ်ခါးဟာ အပူပိုင်းဒေသများမှာ ဖြစ်ထွန်းအောင်မြင်တဲ့ သီးနှံဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ အပူပိုင်းဒေသ များဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတိုမှာ စီးပွားဖြစ် စိုက်ပျိုးကြရုံ တင်မက အိမ်ခြံဝင်းအတွင်းမှာ စိုက်ပျိုးလေ့ရှိကြပါတယ်။

သနပ်ခါးပင်ဟာ နှစ်ရှည်ပင်ဖြစ်ပြီး သက်တမ်းအားဖြင့် ၃၅ နှစ်ဝန်းကျင်ရှိကာ သက်တမ်းရင့်လာတာနှင့်အမျှ သနပ်ခါးပင်၏ အရည်အသွေးလည်း ပိုမိုကောင်းမွန်လာကြောင်း သိရပါတယ်။

မြန်မာ့ရိုးရာသနပ်ခါးပင်များကို မြန်မာနိုင်ငံအနှံအပြားမှာ တွေ့ရပေမယ့် ပူပြင်းခြောက်သွေ့တဲ့ မြန်မာပြည်အလယ်ပိုင်း အညာဒေသများမှာ ပို၍ ဖြစ်ထွန်းကြောင်း၊ မြန်မာ့သနပ်ခါး အများစုစိုက်ပျိုးတဲ့မြိုများမှာ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ရှင်မတောင်၊ အရာတော်၊ ရွှေဘို၊ ဘုတလင်၊ယင်းမာပင်၊ မုံရွာ၊ မြင်းမူ၊ ပေါက် မြိုတိုဖြစ်ကြောင်း သိရပါတယ်။