ဘယ်လင်ဂမ်ကို အရေးမယူဖို့ တောင်းဆိုထားတဲ့ ဂရင်းဝုဒ်

ဖေဖော်ဝါရီ ၂၈

ဂီတာဖေး အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ မေဆွန် ဂရင်းဝုဒ် က သူ့ကို မုဒိမ်းကောင် ဆိုတဲ့ စကားလုံးနဲ့ ပြောဆို တိုက်ခိုက်ခဲ့တဲ့ ရီးယဲ မက်ဒရစ် ကွင်းလယ်လူ ဂျုဒ် ဘယ်လင်ဂမ် ကို အရေးမယူဖို့ လာလီဂါအဖွဲ့ချုပ်ဆီ တောင်းဆိုထားတယ်လို့ သိရပါတယ်။

ရီးရဲလ်ကစားသမားဟာ တစ်နိုင်ငံတည်းသား မေဆန်ဂရင်းဝုဒ်အပေါ် အခုလိုပြောဆိုခဲ့ခြင်းကို သတင်းအတော်များများက ဖော်ပြထားခြင်းခံခဲ့ရတာဖြစ်ပြီး ပရိသတ်အတော်များများကလည်း သိရှိထားကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘယ်လင်ဟမ်ကို ပြစ်ဒဏ်မကျ‌စေလိုတာကြောင့် အမှုကိုဖယ်ရှားပေးဖို့ ဂရင်းဝုဒ်က သဘောထားကြီးကြီးနဲ့ တောင်းဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။