ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် နိုင်ငံရေးပါတီ (၁၃)ပါတီက ဥက္ကဋ္ဌများ ရန်ကုန်တွင် အလွတ်သဘောတွေ့ဆုံ


ဖေဖော်ဝါရီ ၂၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် မှတ်ပုံတင်ပြီး နိုင်ငံရေးပါတီအသီးသီးမှ ဥက္ကဋ္ဌများ၊ နိုင်ငံရေးမိတ်ဆွေများနှင့် ယမန်နေ့နေ့လည် ၁ နာရီအချိန်ခန့်တွင် ပါတီဌာနချုပ်ရုံးခွဲ(ရန်ကုန်)၌ အလွတ်သဘောတွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

တွေ့ဆုံပွဲတွင် လက်ရှိဖြစ်ပေါ်လျက်ရှိသော အကြမ်းဖက်အဖွဲအစည်းများ၏ လမ်း/တံတားများ မိုင်းခွဲဖျက်ဆီးမှု၊ စာသင်ကျောင်း၊ လူနေအိမ်များ မီးရှိဖျက်ဆီးမှု၊ တာဝါတိုင်များ ဖောက်ခွဲဖျက်ဆီးမှု၊ သယ်ယူပိုဆောင်ရေးမော်တော်ယာဉ်များအား မိုင်းခွဲမီးရှိဖျက်ဆီးမှု၊ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးပြန်ပေးဆွဲမှု၊ အကြမ်းဖက်လုပ်ရပ်များကြောင့် နိုင်ငံ၏ ဖွံဖြိုးမှုအထောက်အကူပြု အခြေခံ အဆောက်အဦများ ပျက်စီးဆုံးရှုးခဲ့ရမှု၊ ခြိမ်း‌ခြောက်ခံရသော ပညာရေးကြောင့် လူငယ်များ၏အနာဂတ်ဘဝ ပျက်စီးခဲ့ရမှုတို့အပေါ် နိုင်ငံရေးအမြင်ဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ တွေ့ဆုံပွဲသို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် နိုင်ငံရေးပါတီ ၁၃ ပါတီမှ ပါတီဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုအလုပ်အမှုဆောင်များ အသီးသီးတက်ရောက်ခဲ့ပြီး တွေ့ဆုံပွဲကို နေ့လည် ၀၃:၁၅ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြကြောင်း သတင်းရရှိသည်။

PAN