ဂါဇာသို့ ရိက္ခာတင်ပို့သည့်ယာဉ်တန်းကို အစ္စရေးတပ်ဖွဲ့များ ပစ်ခတ်ခဲ့ကြောင်း ကုလထုတ်ဖော်


ဖေဖော်ဝါရီလ ၂၁

အငတ်ဘေးကြုံနေသည့် ဂါဇာဒေသသို့ ပို့ဆောင်မည့် ရိက္ခာယာဉ်တန်းအား အစ္စရေးတပ်ဖွဲ့များ တိုက်ခိုက်ခဲ့ကြောင်း ကုလသမဂ္ဂ မှတ်တမ်းများနှင့် ဂြိုလ်တုလေ့လာဆန်းစစ်မှုများမှ ဖော်ပြသည်။

အဆိုပါ အရေးကြီး ရိက္ခာပစ္စည်းများပို့ဆောင်ရန် နှစ်ဘက် သဘောတူညီမှုရရှိခဲ့သော်လည်း တိုက်ခိုက်ခံရသည့်ယာဉ်တန်းမှာ အစ္စရေးတပ်ဖွဲများ ယာယီနေရာယူထားသည့်နေရာ နေရာတွင်ဖြစ်ကြောင်းသိရသည်။

အဆိုပါ စားနပ်ရိက္ခာယာဉ်တန်းမှာ ဂါဇာမြောက်ပိုင်းဒေသကို ဦးတည်သည့် ယာဉ်တန်းဖြစ်ပြီး အဆိုပါ ထောက်ပံ့ရေးယာဉ်တန်းကို အစ္စရေးတပ်ဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း UNEWA အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Juliette Touma ပြောသည်။

အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အစ္စရေးစစ်တပ်မှ တစ်စုံတရာ ထုတ်ပြန်ခြင်းမရှိကြောင်း ပြည်ပအခြေစိုက်မီဒီယာများမှ ဖော်ပြထားသည်။

PAN