လီဗာပူးတိုက်စစ်မှူး မိုဆာလာ လေ့ကျင့်ခန်းပြန်ဆင်း

ဖေဖော်ဝါရီ ၁၄

အီဂျစ်အသင်းနဲ့ အာဖရိကဖလားပွဲကစားရင်း တံကောက်ကြောဒဏ်ရာရရှိခဲ့တဲ့ လီဗာပူး တိုက်စစ်ကစားသမား မိုဆာလာဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီ ဖြစ်ပါတယ်။

အသက်(၃၁)နှစ်အရွယ်တိုက်စစ်မှူးဟာ ကုသမှုခံယူဖို့အတွက် အန်ဖီးလ်ကို စောစောစီးစီးပြန်လာခဲ့ရတယ်။ ယခုအခါ ဆာလက်ဟာ စနေနေ့မှာ ဘရန့်ဖို့ဒ်နဲ့ကစားမယ့်ပွဲမတိုင်ခင် အင်္ဂါနေ့မှာ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးအတွက် ဆာလက်နောက်ဆုံးကစားပေးခဲ့တာက နယူးရီးယားနေ့မှာ နယူးကာဆယ်ကို (၄-၂)ဂိုးနဲ့နိုင်ခဲ့တဲ့ပွဲဖြစ်ပြီး အဲဒီပွဲမှာ (၂)ဂိုးသွင်းယူခဲ့သလို (၁)ကြိမ်ဖန်တီးနိုင်ခဲ့ပါတယ်။

ဆာလက်ရဲ့ လီဗာပူးအသင်းဟာ မန်စီးတီးထက် တစ်ပွဲပိုကစားကာ ၂ မှတ်အသာနဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။