ကုန်စျေးနှုန်းသတင်း


ဖေဆဖာ်ဝါရီ ၁၄

ဖေဖော်ဝါရီလ ၁၄ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲ၊ ကုလားပဲနဲ့ ပဲစင်းငုံနီဈေးတွေ ဆက်တိုက် ကျဆင်းနေသလို ပဲလွန်းနီ၊ ဘိုကိတ်ပဲနဲ့ ပဲလွန်းဖြူဈေးတွေလည်း ကျဆင်းနေပါတယ်။

ကြက်သွန်နီဈေး ဆက်တိုက် မြင့်တက်နေပေမယ့် ကြက်သွန်ဖြူဈေးကတော့ အနည်းငယ် ကျဆင်းလာပါတယ်။ မတ်ပဲ (FAQ/RC) တစ်တင်းကို ၉၈,၀၇၀ ကျပ်၊ မတ်ပဲ (SQ/RC) တစ်တင်းကို ၁၀၄,၅၀၀ ကျပ်၊မတ်ပဲ (Raw) တစ်ပိဿာကို ၄,၈၃၀ ကျပ်ကနေ ၄,၈၇၀ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၁၂၅,၄၀၀ ကျပ်၊ ကုလားပဲဖြူလုံးအသေး တစ်ပိဿာကို ၄,၅၈၀ ကျပ်ကနေ ၄,၇၅၀ ကျပ်၊ ကုလားပဲဖြူလုံးအကြီး တစ်ပိဿာကို ၄,၇၅၀ ကျပ်ကနေ ၄,၉၂၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၆,၃၇၅ ကျပ်ကနေ ၆,၇၀၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၄,၁၃၀ ကျပ်ကနေ ၄,၁၇၀ ကျပ်၊ ပဲတီစိမ်းတစ်ပိဿာကို ၂,၈၃၀ ကျပ်ကနေ ၄,၅၀၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၄,၀၈၀ ကျပ်ကနေ ၄,၁၇၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၃,၇၈၀ ကျပ်ကနေ ၄,၀၈၅ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၁၅၀ ကျပ်ကနေ ၁,၁၇၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁,၄၀၀ ကျပ်ကနေ ၃,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ (အောင်ပန်း) တစ်ပိဿာကို ၁၅,၈၀၀ ကျပ်ကနေ ၁၇,၀၀၀ ကျပ်၊ ငရုတ် (ဆင်ဖြူကျွန်း) တစ်ပိဿာကို ၁၆,၀၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၁,၃၀၀ ကျပ်ကနေ ၂,၉၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၃,၉၃၀ ကျပ်ကနေ ၃,၉၇၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၃,၅၀၀ ကျပ်ကနေ ၅,၄၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၂,၇၀၀ ကျပ်ကနေ ၂,၉၀၀ ကျပ်၊ ငါးတံခွန် တစ်ပိဿာ ကို ၁၀,၀၀၀ ကျပ်ကနေ ၁၅,၀၀၀ ကျပ်၊ ငါးရွှေ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်ကနေ ၂၅,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။


နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) ၏ ထုတ်ပြန်ချက် အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၅၆၅ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးအရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၃,၅၃၀ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၂,၆၄၀ ကျပ် ဖြစ်ပါတယ်။

စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD) ၏ နေ့စဉ် ထုတ်ပြန်ချက်အရ –
-Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၆၈၅ ကျပ်၊ မန္တလေးမှာ ၂,၇၃၀ ကျပ်၊ နေပြည်တော်မှာ ၂,၇၂၅ ကျပ်။
-Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၈၀၅ ကျပ်၊ မန္တလေးမှာ ၂,၈၅၅ ကျပ်၊ နေပြည်တော်မှာ၂,၈၅၀ ကျပ်။
-ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၅၂၅ ကျပ်၊ မန္တလေးမှာ ၂,၅၇၀ ကျပ်၊ နေပြည်တော်မှာ ၂,၅၆၅ ကျပ်။
-Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၅၇၀ ကျပ်၊ မန္တလေးမှာ ၂,၆၂၀ ကျပ်၊ နေပြည်တော်မှာ၂,၆၁၅ ကျပ် ရှိနေပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၃,၅၈၀,၂၀၀ိ/-) သုံးဆယ် ငါးသိန်း ရှစ်သောင်း နှစ်ရာ ကျပ် ရှိပြီး ပြင်ပ ပေါက်ဈေးမှာ (၃,၈၅၅,၀၀၀ိ/-) သုံးဆယ် ရှစ်သိန်း ငါးသောင်း ငါးထောင် ကျပ် ရှိနေတယ်လို သိရပါတယ်။