“မိခင်ရဲ့ မွေးရပ်မြေကို လျှပ်စစ်မီးရအောင်ကူညီပေးခဲ့တဲ့ အိုနာနာ”

ဖေဖော်ဝါရီလ ၁၁

ကင်မရွန်းနိုင်ငံလက်ရွေးစင်ဂိုးသမား အိုနာနာ ဟာ မန်ယူအသင်းနဲ့ တစ်နှစ်ကို လုပ်ခလစာ ပေါင် ၆ ဒသမ ၂ သန်း ဝန်းကျင်နဲ့ စာချုပ်ချုပ်ဆိုထားခဲ့တာ ဖြစ်ပါတယ်။
အိုနာနာ ဟာ သူ့မိခင်မြို့ငယ်လေး Mengueme ရဲ့ လူဦးရေအားလုံး သုံးစွဲနိုင်မယ့် မဟာဓာတ်အားလိုင်း တည်ဆောက်ရာမှာ ငွေကြေးတွေစိုက်ထုတ် ကူညီပေးခဲ့ပြီးတော့ သူ့ရဲ့ကျေးဇူးကြောင့် ယခုချိန်မှာ ရေနံဆီမီးခွက်ကိုပဲ အားထားနေရတဲ့ Mengueme ကလူတွေဟာ လျှပ်စစ်မီးရရှိနေကြပြီ ဖြစ်ပါတယ်။ လျှပ်စစ်မီးရရှိသွားတဲ့အတွက် အဲ့ဒီနယ်တစ်ဝိုက်က ဆေးရုံတွေမှာလည်း လူ့အသက်ပေါင်းများစွာကို အိုနာနာ ရဲ့ ကျေးဇူးကြောင့် ကယ်တင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
အိုနာနာ ဟာ လျှပ်စစ်ရရှိရေးအတွက် ကူညီပေးခဲ့ရုံမကပဲ ဆင်းရဲမွဲတေတဲ့ မိသားစုကပေါက်ဖွားလာတဲ့ ကလေးတွေ ပညာသင်ကြားရေးနဲ့ ကျန်းမာရေးတွေအတွက်လည်း ဖောင်ဒေးရှင်းတစ်ခုကို တည်ထောင်ပြီး နှစ်စဉ် ထောက်ပံ့ပေးနေဆဲ ဖြစ်ပါတယ်။

#PAN

Telegram link

https://t.me/positiveanglenews