အကြမ်းဖက်အဖွဲ့ဖြစ်သော NUG ကို အားပေးသည့် ကချင်လူငယ်တစ်ဦးက ဆန္ဒဖော်ထုတ်သည့် campaign ဟုဆိုကာ Online ပေါ်ဖြန့်ဝေ


‌ဇန်နဝါရီ ၃၁

ကချင်ပြည်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် အကြမ်းဖက်အုပ်စု NUG ကို ထောက်ခံအားပေးသော ရှမ်းနီလူငယ်များမဟုတ်သည့် အကြမ်းဖက်အားပေး ကချင်လူငယ် တစ်ဦးက ဆန္ဒဖော်ထုတ်သည့် campaign (အိမ်တွင်းဆန္ဒဖော်ထုတ်သည့်လှုပ်ရှားမှု)တစ်ခုကို လူမှုကွန်ယက်များပေါ်တွင် ယနေ့ ညနေ ၆ နာရီအချိန်၌ ပြုလုပ်ခဲ့ ကြောင်း သိရှိရပါသည်။

အဆိုပါ ဆန္ဒဖော်ထုတ်သည့် campaign တွင် ပြည်သူ့စစ်အဖွဲ့အသီးသီးက လူသစ်စုဆောင်းမှု တစ်ဆက်တစ်စပ်ပြုလုပ်နေကြောင်း ရှမ်းနီပြည်သူ့စစ်နှင့် ရှမ်းနီအမျိုးသားများ တပ်မတော်(SNA)အဖွဲ့အစည်းများမှ ရှမ်းနီလူငယ်များကို ပြစ်မှတ်ထားလူသစ်စုဆောင်းနေသည်ဟု စွပ်စွဲကာ ရှမ်နီလူငယ်များက ဆန္ဒထုတ်ဖော်သည်ဟု ဝါဒဖြန့်ချီမှုတခု ပြုလုပ်ခဲ့ကြောင်း မြေပြင်သတင်းပေးပို့ချက်အရ သိရှိရပါသည်။

၎င်းဆန္ဒထုတ်ဖော်မှုသည် အဖွဲ့မဟုတ်ကြောင်း ၎င်းတစ်ဦးတည်းသာဖြစ်ကြောင်း ၊ SNA အားဆန့်ကျင်ကြောင်း မိုးညှင်းမြို့နယ်မှ ဒေသခံရှမ်းနီ လူငယ်အမည်ခံ အကြမ်းဖက်အားပေးသည့် ကချင်လူငယ်တစ်ဦးသာဖြစ်ကြောင်း ‌ဒေသခံများ၏ပြောဆိုချက်အရ သိရှိရပါသည်။

PAN