သံဖြူဇရပ်မြို့နယ် ရဲကင်းစခန်းကို အကြမ်းဖက် PDF ပူးပေါင်းအဖွဲ့များမှ ချောင်းမြောင်းပစ်ခတ်ရာ ရဲတပ်သား တစ်ဦးထိခိုက်ဒဏ်ရာရရှိ


ဇန်နဝါရီ ၃၁

ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် သံဖြူဇရပ်မြို့နယ် ရဲကင်းစခန်းကို အကြမ်းဖက် PDF ပူးပေါင်းအဖွဲ့များ ခိုအောင်းပစ်ခတ်ရာ ရဲတပ်သား တစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

အဆိုပါ ချောင်းမြောင်း ပစ်ခတ်မှု‌ကြောင်း ရဲတပ်သားတစ်ဦး၏ ဦးခေါင်း(ဝဲဘက်) ကျည်ရှပ်ထိဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့ကြောင်းသိရှိရသည်။ နံနက် ၉ နာရီ ၂၆ မိနစ်အချိန်ခန့်တွင် ရဲကင်းစခန်း အနီးဝန်းကျင်ရှိ အကြမ်းဖက်အုပ်စု PDF ပူးပေါင်းအဖွဲ့များ ခိုအောင်းပစ်ခတ်လျက်ရှိသည့် နေရာများကို တပ်မတော်(လေ)မှ MI 35 ဖြင့် ပစ်ကူပေးခဲ့ကြောင်း သိရှိရသည်။

မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် အဆိုပါ ရဲကင်းစခန်းသို့ အကူလုံခြုံရေးအဖွဲ့များ ရောက်ရှိကာ ဒဏ်ရာရရှိသည့် ရဲတပ်သားအားခေါ်ဆောင်၍ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်အချိန်တွင် သံဖြူဇရပ်မြို့ ပြည်သူ့ဆေးရုံသို့ ပေးဆောင်ခဲ့ကြောင်း သိရှိရပါသည်။

နံနက် ၁၁ နာရီအချိန်တွင်စစ်ကူလာသည့် လုံခြုံရေးအဖွဲ့သည် အနီးတဝိုက်ရှိ‌‌နေရာများကို နယ်မြေရှင်းလင်းဆောင်ရွက်ရာ အကြမ်းဖက်အဖွဲ့များသည် ရဲကင်းစခန်း၏ တောင်ဘက်ရှိ ရထားလမ်းဘက်မှ ရေးမြို့နယ်ဘက်သို့လည်းကောင်း၊ သံဖြူဇရပ်မြို့၊ ကလိုင်မှူးကျေးရွာဘက်သို့ လည်းကောင်း ဆုတ်ခွာသွား ကြောင်း သိရှိရသည်။

ဇန်နဝါရီ ၂၉ ရက်နေ ၇ နာရီ ၃၀ မိနစ်အချိန်ခန့်တွင်လည်း သံဖြူဇရပ်မြို့နယ်၊ ကရုပ္ဗိကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင်အပါအဝင် အဖွဲ့ဝင် ၅ ဦးကိုလည်း အကြမ်းဖက်အဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း၊ ပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်စိန်(ခ)ဦးကာတွန့်အပါအဝင်အဖွဲ့ဝင် ၅ ဦးတို့သည် ဦးမောစိန်ပိုင်ဆိုင်သော ရာဘာခြံအတွင်းသို့ ပြည်သူ့စစ်အဖွဲ့ဝင် ဦးမောင်း၏ရာဘာခြံလုပ်သား ဦးမြ၀င်း၊ ဦးစိုးမင်း၊ မောင်ခော်ကွန်းတို့သည် ခြံအတွင်းရှိနေစဉ် အကြမ်းဖက်ခေါင်းဆောင် (စီစစ်ဆဲ) ၁၂ ဦးမှ ဖိုးဝိးမော်တော်ယာဉ် ၁ စီး(အဖြူရောင်)အေဒီဗင် ၁ စီးတို့ဖြင့် ရောက်ရှိလာပြီး ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။