ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ဖျက်ဆီးမှုအပေါ် ဓနုဖြူမြို့နယ်၌ ကန့်ကွက်ရှုတ်ချပွဲပြုလုပ်


ဇန်နဝါရီ ၃၁

အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော် များအား ဖျက်ဆီးစော်ကားမှုအား ကန့်ကွက်ရှုတ်ချပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌ ကျင်းပပြုလုပ်လျက်ရှိရာ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ ကျင်းပပြုလုပ်ခဲ့ ကြသည်။

ဦးစွာ ကန့်ကွက်ရှုတ်ချပွဲသို့ တက်ရောက်လာကြသူများသည် သတ်မှတ်နေရာ အသီးသီးမှ ချီတက်စုဝေးကြပြီး သံဃာတော်များနှင့် မျိုးချစ်ပြည်သူ ဦးဆောင်သူ များက ဗုဒ္ဓဘာသာအပေါ် ဖျက်ဆီးရန် လုပ်ဆောင်နေမှုများကို ကန့်ကွက်ကြောင်း ဟောပြောခဲ့ကြကြောင်း သိရှိရသည်။

ထို့နောက် ကန့်ကွက်ရှုတ်ချပွဲသို့ တက်ရောက်လာကြသူများက “ အကြမ်းဖက် သမားများနှင့် အကြမ်းဖက်အားပေး ထောက်ခံသူများ (ဆန့်ကျင်ကြ)၊ စေတီပုထိုး နှင့် ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးနေကြသည့် အကြမ်းဖက်သမားများနှင့် သာသနာဖျက်များအား (ဆန့်ကျင်ကြ)၊ အကြမ်းဖက်အားပေး လောက်ကောင်များ အား(အလိုမရှိ)၊ သာသနာဖျက် အကြမ်း ဖက်သမားများအား (အလိုမရှိ)၊ ဗုဒ္ဓသာသနာကို ဖျက်ဆီး စော်ကားနေသည့် အကြမ်းဖက်သမား များ(ကျရှုံးပါစေ)၊ လူမျိုးရေးခွဲခြား၊ သာသနာကို စော်ကားဖျက်ဆီးနေသူများအား(ဆန့်ကျင်ကြ)၊ စေတီပုထိုး၊ ဆင်းတုတော်များကို ဖျက်ဆီးနေကြသည့် အကြမ်းဖက်သမားများ (ကျရှုံးပါစေ)” စသည့် ကြွေးကြော်သံများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်းရရှိသည်။

PAN