Green Tea သောက်ခြင်းနဲ့ ကျန်းမာရေး


ဇန်နဝါရီ ၃၁

Green Tea ကကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်။ လေ့လာမူတွေအရ green tea ကို နေ့စဉ်ပုံမှန် သောက်တဲ့သူတွေဟာ မသောက်တဲ့သူတွေနဲ့ နှိင်းယှဉ်မယ်ဆိုရင် သာမန် ဖျားတာနာတာမျိုး ဖြစ်ခဲတယ်လို တွေ့ရှိထားကြပါတယ်။ ဒါဟာ green tea မှာပါဝင်တဲ့ ဓာတ်ပေါင်းတမျိုးကြောင့်ဖြစ်ပြီး အဆိုပါ ဓာတ်ပေါင်းဟာ လူကို အန္တရာယ်ပေးနိုင်တဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေရန်ကနေ ဆဲလ်တွေကို အကာအကွယ် ပေးနိုင်ပါတယ်။ အဲ့ဒါကြောင့် ကိုယ်ခံအားကို မြှင့်တင်ပေးဖို green tea ကိုနေ့စဉ်သောက်ပေးသင့်ပါတယ်။

ကင်ဆာရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ Free radicals တွေဟာ အချိန်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေတဲ့အပြင် အချိုသော ကင်ဆာ တွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ Green tea မှာ ပါဝင်တဲ့ ဓာတ်တွေဟာ အဆိုပါ အန္တရာယ်ရှိတဲ့ free radicals တွေကို ဓာတ်ပြယ်စေနိုင်တာပြီး nitrosamines (ယမ်းစိမ်း) ကဲ့သိုသော ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်းတွေဖြစ်ပေါ်ခြင်းကို တားဆီးစေနိုင်တာမို ကင်ဆာ ဖြစ်ပွားနိုင်ချေကို လျှော့ချပေးပါ လိမ့်မယ်။ ကိုလက်စထရောပမာဏကို လည်းလျှော့ချပေးနိုင်ပါတယ်။

Green tea မှာ အယ်လ်ကာလီ ဓာတ်ပြည့်ဝစွာ ပါဝင်တာမို ကိုလက်စထရော ပမာဏကို ထိရောက်စွာ လျှော့ချပေးနိုင်ပါတယ်။ သွေးပျစ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ ဓာတ်ပစ္စည်းအမျိုးမျိုးပါဝင်တဲ့ Green tea ဟာ သွေးကြောကျဉ်းခြင်း၊သွေးခဲခြင်း တိုကို ကာကွယ်ပေးနိုင်သလို လေဖြတ်နိုင်ချေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

ဆီးချိုရောဂါလည်း ကာကွယ်ပေးပါတယ်။ အယ်လ်ကာလီ ဓာတ်ပြည့်ဝစွာပါရှိတဲ့တဲ့ green tea ဟာ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် green tea မှာပါဝင်တဲ့ antioxidant ဓာတ်တွေဟာ ပန်ကရိယရဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း အထောက်အကူဖြစ်စေပါတယ်။ ပန်ကရိယ ကောင်းစွာ အလုပ်လုပ်နိုင်တာနဲ့အမျှ အင်ဆူလင်ဓာတ်ထုတ်လုပ်မှုဟာ ပိုမိုကောင်းမွန် အကျိုးရှိလာမှာဖြစ်ပြီး သွေးတွင်း သကြားဓာတ်တွေကို လိုသလို ထိန်းညှိ လာနိုင်မှာဖြစ်တာမို ဆီးချိုရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

PAN