ကျောက်စိမ်းကုမ္ပဏီများက စွန့်ပစ်မြေစာများလာရောက်စုပုံပစ်နေ၍ ဒေသခံပြည်သူများက မြေစာပုံများပြိုကျလာမည်ကို စိုးရိမ်၍ စွန်ပစ်နေမှုရပ်တန့်ရန် တောင်းဆို


ဇန်နဝါရီ ၃၀

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊အေးမြသာယာအုပ်စု၊ ရှရော်ခကျေးရွာနှင့် မျောက်ဖြူကျေးရွာအကြားတွင် ကျောက်စိမ်းကုမ္ပဏီများက စွန့်ပစ်မြေစာများလာရောက်စုပုံပစ်နေ၍ မိုးရွာလျှင်ကျေးရွာအတွင်း ပြိုဆင်းကာဝင်ရောက်လာမည်ကို စိုးရိမ်နေကြကြောင်းသိရှ်ိရပါသည်။

ဒေသခံပြည်သူများက လူများနေထိုင်ရာရွာအနီးတွင် ယခုကဲ့သို့မြေစာများလာရောက်စွန့်ပစ်နေခြင်းကို အမြန်ဆုံးရပ်တန့်ပေးစေလိုပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနစ်၊ ဇွန်လက ရပ်ကျေးအုပ်ချုပ်ရေးတာဝန်ရှိသူများကို သွားရောက်ပြောဆိုခဲ့သော်လည် အထက်ကခွင့်ပြုသောကြောင့် လုပ်ရခြင်းဖြစ်သည်ဟုသာ ပြန်လည်ပြောဆိုခဲ့ကြောင်းသိရှိရပါသည်။

လက်ရှိမြေစာပုံမှာ ပေ ၃၀၀ ခန့်အမြင့်သို့ရောက်ရှိနေပြီဖြစ်ပြီး တစ်ရက်လျှင် ကားအစီးရေ ၅၀ ကျော်ခန့် လာရောက်စွန့်ပစ်နေကြောင်း ဒေသခံများထံမှသိရှိရပါသည်။

PAN