ရေနံချောင်းမြို့နယ်တွင် တောင်သူတွေ့ဆုံပွဲမှ ပြန်လာသည့် အုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦးကို အကြမ်းဖက်PDFအဖွဲ့မှ သတ်ဖြတ်


ရေနံချောင်းမြို့နယ်တွင် တောင်သူတွေ့ဆုံပွဲမှ ပြန်လာသည့် အုပ်စုအုပ်ချုပ်ရေးမှူးတစ်ဦးကို အကြမ်းဖက်PDFအဖွဲ့မှ သတ်ဖြတ်


ဇန်နဝါရီ ၂၇

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၊ ပင်း၀ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးကို ရွာသစ်ကြီးကျေးရွာ အနောက်ဘက် ကိုက် (၂၀၀)ခန့်အကွာရှိ တောစပ်တွင် ယနေ့မွန်းလွဲ၃နာရီခွဲ အချိန်ခန့်က ပက်လက်အနေအထားဖြင့် သွေးအိုင်ထဲတွင် သေဆုံးလျက် တွေ့ရှိရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပင်း၀ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ချို၊ ၅၃ နှစ်သည် ဖရဲကျွန်းကျေးရွာတွင် ပြုလုပ်သည့် တောင်သူတွေ့ဆုံပွဲမှ မွန်းတည့် ၁၂ခွဲ အချိန်ခန့်တွင် သပြေပင်ကျေးရွာ ရွာခွဲတာ၀န်ခံ ဦးသန်းထွန်းအောင်နှင့်အတူ ၎င်းနေထိုင်ရာ ရွာသစ်ကြီးကျေးရွာသို့ ပြန်လာခဲ့ကြောင်း၊ မွန်းလွဲ၁နာရီကျော် အချိန်ခန့်တွင် ဦးသန်းထွန်းအောင်မှာ သပြေပင်ကျေးရွာတွင် ကျန်ရစ်ခဲ့ပြီး ဦးအောင်ချိုတစ်ဦးတည်း ရွာသစ်ကြီးကျေးရွာဘက်သို့ ဆက်လက် ထွက်ခွာသွားခဲ့ကြောင်း ၊၎င်းနောက် ရွာ၏ နောက်ဘက် ကိုက် (၂၀၀)ခန့်အကွာရှိ တောစပ်တွင် ပက်လက်အနေအထားဖြင့် သွေးအိုင်ထဲတွင် သေဆုံးလျက် တွေ့ရှိရကြောင်း သိရသည်။

သေဆုံးသူ ဦးအောင်ချိုတွင် ဘယ်/ညာရင်အုံ ဓားဒဏ်ရာ (၁၁)ချက်ခန့်ဖြင့် သေဆုံးလျက်ရှိပြီး ၎င်း၏ မော်တော်ဆိုင်ကယ်နှင့် ဖုန်းမှာ ပျောက်ဆုံးလျက်ရှိကြောင်း သတင်းရရှိသည်။

#PAN