ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့ ပတ်ဝန်း ကျင်တွင် တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသားများ ထပ်မံဖမ်းဆီးရမိ

ဇန်နဝါရီ ၂၆

        ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့ ပတ် ဝန်း ကျင်တွင် တရားမဝင် တရုတ်နိုင်ငံသားများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဇန်နဝါရီလ ၂၃ ရက်တွင် ရှောင်တခင် စစ်ဆေးရှာဖွေ ဖမ်းဆီးခြင်းများ ဆောင် ရွက်ခဲ့ရာ နန့်စန်မြို့ပတ်ဝန်းကျင်တွင် တရုတ်နိုင်ငံသားများ ထပ်မံဖမ်းဆီးရမိကြောင်း သိရသည်။

      နမ့်စန်မြို့ပတ်ဝန်းကျင်ရှိ နေရာ ၃ နေရာမှာ တရား မဝင် ဝင်ရောက်နေထိုင်နေသည့် တရုတ်နိုင်ငံသား ကျား ၁၀၀၂ဦး  မ ၃၆ ဦး စုစုပေါင်း ၁၈၃၈ ဦးကို ထပ်မံဖမ်းဆီး ရမိခဲ့သဖြင့် လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

      နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတစ်ဝှမ်း လိမ်လည်မှုများနှင့် အခြားတရားမဝင် လုပ်ငန်းလုပ်ဆောင်သူများ တရားမဝင် ဝင်ရောက်နေထိုင်မှုများ မရှိစေရေးအတွက် သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးအဖွဲ့များက စိစစ်ဖော်ထုတ် အရေးယူဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိပြီး အိမ်နိးချင်းနိုင်ငံများနှင့်လည်း စဉ်ဆက်မပြတ်ဆက်သွယ်၍ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

       နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါ အဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပ ဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောပြည်ပနိုင်ငံသားများအနေ ဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်းသိရှိရသည့် အတွက် အုပ်ချုပ်ရေး အဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက် ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်း ပေးအပ်လျက်ရှိကြောင်း နစက၏သတင်းထုတ်ပြန်ချက်အရ သိရသည်။

#PAN