Breaking News


ဇန်နဝါရီလ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
၉ လကျော်ကြာ PDF အကြမ်းဖက်များနှင့် ကချင်အကြမ်းဖက်သောင်းကျန်းသူ KIA များ ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း အထက်ပိုင်း ချင်းတွင်းမြစ်ဘေးရှိ ဟုမ္မလင်းမြို့အနီးမှ ရွှေပြည်အေးမြို့မှာ ဇန်နဝါရီ ၁၃ ရက်နေ့မှစတင်ပြီး တိုက်ပွဲပြင်းထန်ခဲ့ရာမှ ဒီကနေ့တွင် မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ရှမ်းနီတိုင်းရင်းသားများနေထိုင်သည့် ရွှေပြည်အေးမြို့ကို တပ်မတော်နှင့်အတူ ရှမ်းနီတပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်ပြီး ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်နှင့် ​ရွှေပြည်အေးမြို့ပတ်ဝန်းကျင်ကိုပါရှင်းလင်းနေကြောင်း သိရသည်။
ရွှေပြည်အေးမြို့အား သိမ်းပိုက်ထားသည့် KIA PDF များအကျအရှုံးများစွာနှင့်ထွက်ပြေးနေကြရကြောင်းသိရှိရသည်။

#PAN

Telegram link

https://t.me/positiveanglenews