ဒေသဆိုင်ရာစစ်ဆင်ရေးကွပ်ကဲရေးမှုး(ဒစက-BGF)အဖြစ် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့များ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူကို ဗိုလ်မှူးချုပ်ရာထူးတိုးမြှင့် ခန့်အပ်

ဇန်နဝါရီ ၂၃

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့များ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူအား ဒေသဆိုင်ရာစစ်ဆင်ရေးကွပ်ကဲရေးမှုး(ဒစက-BGF) ဗိုလ်မှူးချုပ်ရာထူးတိုးမြှင့်ပေးလိုက်ကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ကရင်ပြည်နယ်ခရီးစဥ်အတွင်း နယ်ခြားစောင့်တပ်များနှင့်တွေ့ဆုံခဲ့ပြီး ယခုကဲ့သို့ ရာထူးချီးမြှင့်ခဲ့ကြောင်း တပ်မတော်နှင့်နီးစပ်သည့်အသိုင်းအဝိုင်းများထံမှ သိရသည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ကို ၂၀၁၀ ခုနှစ် ဩဂုတ်လတွင် တိုးတက်သော ကရင့်အမျိုးသား တပ်မတော် DKBA မှခွဲထွက်ပြီး တပ်ရင်း ၁၂ ရင်းနှင့် ကရင့်ငြိမ်းချမ်းရေးတပ်ဖွဲ့ KPF မှ တပ်ရင်း ၁ ရင်း စုစုပေါင်း တပ်ရင်း ၁၃ ရင်းဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) များအထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ အပါအဝင် တပ်မှူး ၁၃ ဦးနှင့် တပ်ဖွဲ့ဝင် အရာရှိ၊ အရာခံ ၇၇ ဦးတို့ ဇန်နဝါရီ ၁၄ ရက်က အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရုံးတွင် နုတ်ထွက်စာ တင်လိုက်ကြောင်း သတင်းများထွက်ပေါ်လာပြီး အဆိုပါသတင်းများမှာသတင်းမှားများသာဖြစ်ကြောင်း သိရသည်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့တွင်လည်း တပ်နယ် ၄ တပ်နယ်မှူးလည်းဖြစ် ၁၀၂၂ တပ်ရင်းမှူးလည်းဖြစ်သည့် ဗိုလ်မှူးစောမုတ်သုန်မှလည်း နုတ်ထွက်စာ တင်ခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သေးသည်။

ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး အနေအထား မထိခိုက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကာ တပ်မတော်နှင့် အတူ KNU အကြမ်းဖက်သောင်းကျန်းသူများအား ဆက်လက်ခြေမှုန်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ယင်းနောက်၂၀၁၀ ခုနှစ်တွင် တပ်မတော် လက်အောက်ခံ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်အဖြစ်စတင်ဖွဲ့ ခဲ့ပြီး ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF စတင်ဖွဲ့စည်းစဉ်က အင်အား ၃၀၀၀ ခန့် ရှိသော်လည်း လက်ရှိတွင် စုစုပေါင်းအင်အား ခြောက်ထောင်နီးပါးရှိကြောင်း သိရသည်။

#PAN

Telegram link

https://t.me/positiveanglenews