ဘိုကလေးမြို့နယ်၊ ဇီးကုန်းကျေးရွာတွင် စကားများ ရန်ဖြစ်ရာမှ တစ်ဦးသေဆုံး

ဇန်နဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကွင်းကြီးကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာတွင် ယနေ့ည ၁ နာရီ အချိန်ခန့်က စကားများရန်ဖြစ်ရာမှ လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဥ်မှာ ဇီးကုန်းကျေးရွာနေ(ဘ)ဦးဝင်းအောင်၏သား ဦးလှအေး၊ အသက် ၄၁ နှစ်သည်၊ အရက်သေရေစာ သောက်စား မူးယစ်ပြီး ဆယ်အိမ်မှူး ဦးသန့်ဇင်နေအိမ်သို့ ညအချိန်မတော်သွားရောက် အော်ဟစ်နှိုးခဲ့ရာ ဆယ်အိမ်မှူးဖြစ်သူမှာ တဖက်မှ မူးနေသည်ကိုသိရှိသဖြင့် မထူးဘဲငြိမ်နေခဲ့ကြောင်း၊ ထိုအခါ ဘေးအိမ်မှ ဦးစောလှဒို၊(ဘ)ဦးကုလားမှ ထွက်လာပြီး ည အချိန် မတော် အော်ကြီးဟစ်ကျယ်အလုပ်ရန် ထွက်ပြောရာ ဦးလှအေးမှ စောလှဒိုအား အရင်ပြေး၍ ထိုခဲ့ကြောင်း၊ စောလှဒိုမှာ အသားနာလာသဖြင့် အနီရှိဒုတ်ဖြင့်ပြန်ရိုက်ခဲ့ရာ အခင်းဖြစ်ရာနေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရှိရပါသည်။

သေဆုံးသူမှာ နားထင်နှစ်ဘက်တွင် ဒါဏ်ရာတစ်ချက်စီနှင့် မျက်နှာတွင် ဒါဏ်ရာများရရှိပြီး သေဆုံးခဲ့ကြောင်း၊ ထို့နောက် သက်ဆိုင်ရာနယ်မြေ တာဝန်ရှိသူများ ရောက်ရှိပြီးတရာခံအား ဖမ်းဆီးခြင်း၊ အလောင်းအား ဘိုကလေးမြို့ကုတင်(၁၀၀)ဆေးရုံသို့ပို့ဆောင်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

PAN