အင်းတကော်တွင် ဆီဖြည့်နေစဉ် ဖုန်းပြောသဖြင့် မီးလောင်ပေါက်ကွဲမှုဖြစ်ပွားပြီး လူသေဆုံးမှုရှိ


ဇန်နဝါရီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ အင်းတကော်မြို့ရှိ စက်သုံးဆီဆိုင်တွင် ဆီလှောင်ကန်အတွင်းသို့ ဆီဖြည့်နေစဉ် ဖုန်းပြောရာမှာ မီးလောင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၃ နာရီဝန်းကျင်တွင် ပဲခူးမြို့နယ်၊ အင်းတကော်မြို့ အမှတ် (၅) ရပ်ကွက်၊ ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင် တိုင်အမှတ်(၁၅)ရှိ Farmer စက်သုံးဆီဆိုင်ရှိ ဆီသို လှောင်ကန်အတွင်းသို ဆီသယ်ယာဉ်မှ 92 မျိုးအစား ဓာတ်ဆီဖြည့်သွင်းနေစဉ် ဖုန်းပြောခဲ့သည့် အတွက် မီးလောင်ပေါက်ကွဲခဲ့ကြောင်းသိရသည်။

သန်းထွန်းအောင် (၂၀) နှစ် (အလုပ်သမား) နိုင်သာ ယာကျေးရွာနေသူအား မီးလောင်ကျွမ်းဖြစ်ပေါ်ကာ သေဆုံးခဲ့ကြောင်းသိရသည်။

PAN