
(မိုး/ဇလ) မေ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်တွင် မေလ ၂၅ ရက် နံနက် ၄ နာရီ ၇ မိနစ် ၅၀ စက္ကန့်အချိန်ခန့်က ပင်လည်ဘူးမြို့၏ အနောက်တောင်ဘက် ၂၁ မိုင်ခန့်အကွာကို ဗဟိုပြု၍ ပမာဏ ၃.၉ (Magnitude)ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့သွားကြောင်းသိရသည်။
အဆိုပါ မြေငလျင်သည် ကန့်ဘလူမြေငလျင်စခန်း၏ မြောက်-အနောက်မြောက်ဘက် ၅၄ မိုင်ခန့်အကွာတွင် လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး ငလျင်ဗဟိုချက်မှာ မြောက်လတ္တီတွဒ် ၂၃ ဒသမ ၈၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒသမ ၁၁ ဒီဂရီနှင့် အနက် ၆၅ ကီလိုမီတာတွင် တည်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံအနှံအပြားအတွင် အင်အားအနည်ငယ်ရှိ မြေငလျင်များ မကြာခဏလှုပ်ခတ်ခဲ့ပြီး ယခုမြေငလျင်သည်လည်း ပမာဏမှာ ၃.၉ အဆင့်သာရှိသဖြင့် အင်အားအနည်းငယ်ရှိသော မြေငလျင်အမျိုးအစားတွင် ပါဝင်ကြောင်း သိရသည်။