အီရတ်နိုင်ငံထဲက အစ္စရေးသူလျှိုစခန်းကို အီရန်က ဒုံးကျည်နဲ့ ပစ်ပြီးရှင်းလင်း

ဇန်နဝါရီ ၁၈

အီရတ်နိုင်ငံ၊ Erbil မြို့ရှိ အစ္စရေး၏ မော့ဆက် ထောက်လှမ်းရေးစခန်းဆိုသည့်နေရာ (၂)ခုကို အီရန်က ဒုံးကျည်များဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှု (၂) ခုတွင် အစ္စရေးသူလျှိုများထားရှိရာ နေရာတစ်ခုနှင့် သူလျှိုဟုယူဆရသူ အီရတ်- ကာဒ်လူမျိုး Felcon Group လုံခြုံရေးကုမ္မဏီပိုင်ရှင် Peshraw Dizayee အား ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

တိုက်ခိုက်ခံရမှုကြောင့် Felcon Group လုံခြုံရေးကုမ္မဏီပိုင်ရှင် Peshraw Dizayee နှင့် မိသားစုဝင် (၄) ဦး သေဆုံးခဲ့ကြောင်းသိရသည်။

Felcon Group လုံခြုံရေးကုမ္မဏီသည် အမေရိကန် စစ်သားဟောင်းများကို ခန့်ထားပြီး Peshraw Dizayee သည်လည်း အစ္စရေးထောက်လှမ်းရေးများနှင့် ဆက်နွယ်ကြောင်း အီရန်သတင်းရင်းမြစ်များက ဖော်ပြထားသည်။