
(မှုခင်း) မေ ၂၆
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့တွင် ပြည်သူစစ်ခေါင်းဆောင်တစ်ဦးအား အကြမ်းဖက်PDFအဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
မေလ ၂၅ ရက်နေ့ ည ၈ နာရီကျော်ခန့် မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ ဂုံညင်းတန်းရပ်ကွက်နေ ပြည်သူစစ်ခေါင်းဆောင် ဦးကျော်မင်း ( ၅၆) နှစ်သည် နေအိမ်တွင်ရှိစဉ် အကြမ်းဖက်PDF နှစ်ဦးမှ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ပြည်သူစစ်ခေါင်းဆောင် ဦးကျော်မင်းသည် ရင်ဘတ်တွင် ကျည်ထိမှန် ဒဏ်ရာရရှိပြီး ကမာဝက်တိုက်နယ်ဆေးရုံသို့ ပို့ဆောင် ဆေးကုသပေးနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။