ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်- မန္တလေး ကားလမ်းဟောင်း၊ ပေကုန်းသံလမ်းအနီး လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲမှု ကြောင့် အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရ

ဇန်နဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ မင်းလမ်းတောင်ရွာ၊ ရန်ကုန်- မန္တလေး ကားလမ်းဟောင်း၊ မိုင်တိုင်အမှတ် ၂၈၄/၀၊ ပေကုန်းသံလမ်းအနီးတွင် ယနေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အချိန်ခန့်က ဒေသန္တရလက်လုပ်မိုင်း ၁ လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ပျော်ဘွယ်မြို့၊ ရွှေပြည်ရန်အောင်ရပ်ကွက်နေသူ ပြည့်ဖြိုးအောင်၊ ၂၈ နှစ်၊ (ဘ)ဦးခိုင်ထွန်း၏ ယာဘက်ပုခုံး၊ ခါး၊ ယာ-လက်မောင်း၊ခြေသလုံး ပေါက်ပြဲဒဏ်ရာယာ(မစိုးရိမ်ရ)နှင့် မင်းလမ်းမြောက်ရွာနေသူ ထက်အောင်လင်း၊ ၂၂ နှစ်၊ (ဘ)ဦးသန့်ဇင်၊ ယာ-ပေါင်အောက်၊ ယာ-ခြေသလုံး၊ ယာ-ချိုင်း ၊ ဝဲဘက်ခါး ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)တို့ရရှိခဲ့ကြောင်း သိရှိရသည်။

ဒဏ်ရာရရှိသူများကို ပျော်ဘွယ်မြို့ ၊ ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသထားကြောင်း၊ ပေါက်ကွဲမှုဖြစ်စဥ်နှင့်ပတ်သက်၍ လုံခြုံရေးတာဝန်ရှိသူများမှ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

PAN