ပြင်ဦးလွင်မြို့နယ် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီး၊ စော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲ ဆောင်ရွက်


ဇန်နဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်မြို့၊ရပ်ကွက်ကြီး(၂)၊ပြင်ဦးလွင်ခရိုင် အားကစားကွင်းတွင် ယနေ့နံနက်၉နာရီ၂၀မိနစ်အချိန်ခန့်က အရှင်အရိယာဝံသ(ခ)ပေါက်ကိုယ်တော် မှ ဦးဆောင်၍ သံဃာတော်များ၊စစ်မှုထမ်းဟောင်းများ၊ပြင်ဦးလွင်မြို့ရှိ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများ၊တပ်မတော်ကို ချစ်မြတ်နိုးသူများ၊စုစုပေါင်းအင်အား ၃၂၀၀ဦးခန့်တို့မှ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီး၊ စော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲကို ကျင်းပခဲ့သည်။

ကန့်ကွက်ရှုတ်ချပွဲတက်ရောက်ကြသူများသည် အစိမ်းရောင် ဗွီနိုင်းပေါ်တွင် ရှမ်းပြည်(မြောက်ပိုင်း)တွင် ဘုရားပင်ပျောက်ကွယ်ရလိမ့်မည်ဟူသော MNDAA အဖွဲ့၏ အောက်တန်းကျသောလုပ်ရပ်များ၊မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်တိုင်ရင်းသားများ ကိုးကွယ်ယုံကြည်နေသည့် ဘုရားစေတီဆင်းတုတော်များအား ဖျက်ဆီးသူ ဒို့ရန်သူ၊သာသနာကိုဖျက်ဆီးနေသော အကြမ်းဖက်သူများ ကျရှုံးပါစေ၊ဗုဒ္ဓဘာသာတိုင်းရင်းသားများ ကိုးကွယ်နေသည့် ဘုရားစေတီများ ဖျက်ဆီးသူ အကြမ်းဖက်သမားများအား ဆန့်ကျင်ကြဟု ရေးသားထာသော ဗွီနိုင်းများနှင့်သာသနာ့အလံငယ်များအား ကိုင်ဆောင်ပြီး ခရိုင်အားကစားကွင်းမှ စတင်၍ ရွှေစည်းခုံလမ်း၊၎င်းမှ မန္တလေး-လားရှိုးလမ်းအတိုင်း “သာသနာကို ဖျက်ဆီးနေသော အကြမ်းဖက်သူများ ကျရှုံးပါစေ၊လူမျိုးရေးခွဲခြား၊သာသနာကိုစော်ကားဖျက်ဆီးနေသူများအား ဆန့်ကျင်ကြ၊လူသတ်၊အကြမ်းဖက် သောင်းကျန်းသူမှန်သမျှ ဆန့်ကျင်ကြ၊မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများ ကိုးကွယ်သည့် ဘုရားစေတီပုထိုးများ စော်ကားဖျက်ဆီးသူ ဒို့ရန်သူ၊အကြမ်းဖက်အား‌ပေးလောက်ကောင်များ အလိုမရှိ စသည့် ကြွေးကြော်သံများ ကြွေးကြော်၍‌ စီတန်းလှည့်လည်ပြီး နံနက်နာရီ၄၀မိနစ် အချိန်တွင် ပြင်ဦးလွင်မြို့၊ရပ်ကွက်ကြီး(၂)၊မန္တလေး-လားရှိုး လမ်းဘေး ရှိ လွတ်လပ်ရေးကျောက်တိုင်ကွင်း သို့ ရောက်ရှိကာ “ဗုဒ္ဓဘာသာဝင်များအထွဋ်အမြတ်ထားရာ စေတီပုထိုးများ၊ဗုဒ္ဓဆင်းတုတော်များကို ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့်သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

ရှုတ်ချပွဲတွင် ရှေးဦးစွာ အရှင်အရိယာဝံသ(ခ) ပေါက်ကိုယ်တော်နှင့်မပိုးအိခိုင်(မပူတူး(ခ) မဟာသွေး)တို့က အမျိုးဘာသာ၊သာသနာအား စောင့်ရှောက်ရန် နှင့် တပ်မတော်မှ အကြမ်းဖက် သောင်းကျန်းသူများအား အမြစ်ပြတ် ရှင်းလင်းချေမှုန်းပေးရန် ဟောပြောခဲ့ပြီး ကြွေးကြော်သံများကြွေးကြော်ကာ နံနက်၁၀နါရီ၃၅မိနစ်အချိန်တွင် လွတ်လပ်ရေးကျောက်တိုင်ကွင်းမှ ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

#PAN

Telegram link

https://t.me/positiveanglenews