လူမှုကွန်ရက်ပေါ်၌ ညစ်ညမ်းသောပြကွက်များပါတဲ့ သီချင်းနဲ့ ဗီဒီယိုများ ရိုက်ကူးထုတ်လွှင့်ပါက အရေးယူမည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်”

ဇန်နဝါရီလ ၁၄

လူမှုကွန်ရက်ပေါ်မှာ ညစ်ညမ်းပြကွက်တွေပါတဲ့ တေးသီချင်းနဲ့ဗီဒီယိုတွေ ရိုက်ကူးထုတ်လွှင့်သူတွေကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။
တချို့ တေးသီချင်းဗီဒီယို ရိုက်ကူးသူတွေအနေနဲ့ ထင်ပေါ်ကျော်ကြားမှုရှိစေဖို့ မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ ဖီလာ ဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစုဝင်ချင်း အတူကြည့်ရှုဖို့ မသင့်တော်တဲ့ ဟီရိဩတ္တပတရားကင်းမဲ့တဲ့ တေးသီချင်း ဗီဒီယိုတွေကို လူမှုကွန်ရက်ပေါ်မှာ ရိုက်ကူးထုတ်လွှင့်နေတာကို တွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲ့ဒါကြောင့် လူမှုကွန်ရက်စာမျက်နှာတွေအပါအဝင် မြန်မာ့ယဉ်ကျေးမှုကို ဆန့်ကျင်တဲ့၊ ညစ်ညမ်းတဲ့ အပြော အဆို၊ အပြုအမူတွေပါဝင်တဲ့ ရိုက်ကူးထုတ်လွှင့်ဖော်ပြမှုတွေနဲ့ ပတ်သက်ပြီး ထုတ်လုပ်သူ၊ စီစဉ်ရိုက်ကူးသူနဲ့ သရုပ်ဆောင်သူတွေကိုပါ တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အသိပေးကြေညာ ထားပါတယ်။ သက်ဆိုင်ရာအလိုက် ဖွဲ့စည်းထားတဲ့ အစည်းအရုံးတွေကလည်း လိုအပ်သလို ထိန်းကျောင်းတည့်မတ်ပေးဖို့ ထုတ်ပြန်ထားပါတယ်။

#PAN

Telegram link

https://t.me/positiveanglenews