ဖောင်းပြင်မြို့၏ အနောက်ဘက် ၁၁ မိုင် ခန့်အကွာတွင် အင်အား ၃.၈ အဆင့်ရှိ မြေငလျင်လှုပ်ခတ်


ဇန်နဝါရီ ၁၄

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၉)နာရီ၊ (၅၁)မိနစ်၊ (၄၀)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် မိုင် (၂၀) ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (ဖောင်းပြင်မြို့၏ အနောက်ဘက် (၁၁)မိုင် ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၂၆) ဒီဂရီ၊ အရှေ့လောင်ဂျီ တွဒ် (၉၄.၆၃) ဒီဂရီ၊ အနက် (၈၁)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရှိရသည်။