ဆွီဒင်နည်းပြဖြစ်လာတော့မယ့် ဆိုးလ်ရှား

ဇန်နဝါရီ ၁၄

မန်ယူအသင်းနည်းပြဟောင်း အိုလေဂန်နာ ဆိုးလ်ရှား ဟာ ဆွီဒင်လက်ရွေးစင်အသင်း နည်းပြအဖြစ် တာဝန် ယူဖို ဆွီဒင်ဘောလုံးအဖွဲချုပ်နဲ့ ဆွေးနွေးမှုတွေလုပ်‌ဆောင်နေတယ်လို သိရပါတယ်။

ဆိုးလ်ရှား ဟာ ၂၀၂၁ ခုနှစ်မှာ မန်ယူအသင်းကနေ ထွက်ခွာလာခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် နည်းပြလောကထဲသို ပြန်ဝင်ဖိုကြိုးစားလာတာ ဖြစ်ပါတယ်။ ဆွီဒင်အသင်းကလည်း ယူရို ၂၀၂၄ ခြေစစ်ပွဲ မအောင်မြင် တာကြောင့် နည်းပြဖြစ် သူ ဂျိမ်းအန်ဒါဆင် နဲ့ လမ်းခွဲခဲ့ပြီး နည်းပြအသစ်ခန့်အပ်ဖိုအတွက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

သတင်းတွေအရ ဆိုးလ်ရှား နဲ့ ဆွီဒင်ဘောလုံးအဖွဲချုပ်ဟာ သဘောတူညီမှုရရှိဖိုအတွက် နီးစပ်နေပြီ ဖြစ်ပါတယ်။