စက်မှုကုန်ချောတင်ပို့မှု ဒေါ်လာ ၇ ဘီလီယံနီးပါးရရှိ


ဇန်နဝါရီ ၁၄

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်ကနေ ဒီဇင်ဘာလ ၂၉ ရက်အထိ ၉ လတာ ကာလအတွင်း ပြည်ပကို စက်မှုကုန်ချော တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၇ ဘီလီယံနီးပါးရရှိခဲ့တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး ဌာနကနေ သိရှိရပါတယ်။

ပြည်ပကို စက်မှုကုန်ချောတင်ပို့မှုအနေနဲ့ နိုင်ငံပိုင်ကဏ္ဍက အမေရိကန်ဒေါ်လာ ၂ ဘီလီယံခွဲကျော်ဖိုး၊ ပုဂ္ဂလိကပိုင် ကဏ္ဍက နေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၃ ဘီလီယံကျော်ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ စက်မှုကုန်ချောတွေထဲမှာ ချုပ်ပြီး အထည်တင်ပို့မှု က အများဆုံးဖြစ်ပြီး သကြား၊ လက်ဝတ်ရတနာနဲ့ သဘာဝဓာတ်ငွေ့ စတာတွေကိုလည်း တင်ပို့နေတာ ဖြစ်ပါတယ်။ အခုဘဏ္ဍာနှစ် ၉ လတာအတွင်းမှာဆိုရင် စုစုပေါင်းပြည်ပပို့ကုန် တန်ဖိုးက ဒေါ်လာ ၁၀ ဘီလီယံကျော် ရှိတယ်လို့လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရှိရပါတယ်။

PAN