မုံရွာမြို့ရှိပြည်သူများက ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ် ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များကို ဖျက်ဆီး နေသည့် အကြမ်းဖက်သောင်းကျန်းသူများကို ကန့်ကွက် ရှုတ်ချပွဲ ပြုလုပ်

ဇန်နဝါရီ ၁၄

ယနေ့ နံနက်ပိုင်းက မုံရွာမြို့ ၊ ကန်သာယာပြည်ထောင်စုကျွန်းတွင်၊ ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ စေတီပုထိုး များ၊ ဗုဒ္ဓဆင်းတုတော်များကို ဖျက်ဆီးနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် ပြည်ဖျက်မိစ္ဆာများ ကန့်ကွက်ရှုတ်ချပွဲ ကို ပြုလုပ်ခဲ့ကြောင်း သိရှိပါသည်။

ဆရာတော်သံဃာတော်များနှင့် ပြည်သူစုစုပေါင်း ၁၀၀၀ ဦးကျော်ခန့်က မုံရွာမြို့ ပြည်သူ့အားကစားကွင်းရှေ့မှ စတင်၍ ဗိုလ်ချုပ်လမ်းအတိုင်း အရှေ့ဘက်ကန်သာယာ ပြည်ထောင်စုကျွန်းအရောက် လှည့်လည်ကာ “သာသနာကို ဖျက်ဆီးနေ သော အကြမ်းဖက်သူပုန်များအား ရှင်းလင်းရေး” ၊ “ဗုဒ္ဓသာသနာအား စော်ကားဖျက်စီးနေသော အကြမ်းဖက်သူပုန်မှန်သမျှ ဆန့်ကျင်ကြ” ၊ “ဘုရားစေတီများအား ဖျက်ဆီးနေသည့် လူသတ်အကြမ်းဖက်သူပုန်မှန်သမျှ ကျဆုံးပါစေ” စသည့် စာသား များပါဝင်သည့် ဗီနိုင်းများကိုင်ဆောင်၍ လမ်းလျှောက်ပြီး ကြွေးကြော်ကာ ကန့်ကွက်ရှုတ်ချခဲ့ကြကြောင်းသိရှိပါသည်။

ထို့နောက် အရှေ့ဘက်ကန်သာယာ ပြည်ထောင်စုကျွန်းတွင် ကန့်ကွက်ရှုတ်ချပွဲပါဝင်သူများက ဗုဒ္ဓဘာသာဝင်များ အထွဋ် အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးနေသည့် အကြမ်းဖက်သောင်းကျန်းသူများ၊ ပြည်ဖျက် မိစ္ဆာများနှင့်ပတ်သက်၍ မျိုးချစ်သံဃာတော် နှင့် အမျိုးသားရေး လူပုဂ္ဂိုလ် ၂ ဦးမှ အသီးသီး ကန့်ကွက်ရှုတ်ချ ဟောပြောခဲ့ ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းသိရပါသည်။

PAN