ကန့်ဘလူမြို့နယ်တွင် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများ ကိုးကွယ်သည့် ဘုရားစေတီများကို ဖျက်ဆီးသူ အကြမ်းဖက်သမားများအား ဆန့်ကျင်ရှုတ်ချပွဲ ကျင်းပ

ဇန်နဝါရီ ၁၄

ယနေ့နံနက် ၈ နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြိုနယ်တွင် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများ ကိုးကွယ်သည့် ဘုရားစေတီများကို ဖျက်ဆီးသူ အကြမ်းဖက်သမားများအား ဆန့်ကျင်ရှုတ်ချပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါရှုတ်ချပွဲတွင် သံဃာတော်များနှင့် ပြည်သူစုစုပေါင်း ၁၀၀၀ ကျော်တို့က ကန့်ဘလူမြို၊ မဟာရွှေစည်ကြီးစေတီတော်၌ စုရပ်အဖြစ်စတင်ပြီး ဘူတာလမ်း၊ တပင်ရွှေထီးလမ်း၊ ယုဇနလမ်း၊ စည်ပင်သာယာလမ်း၊ ဗိုလ်ချုပ်လမ်းမှတစ်ဆင့် အခမ်းအနားကျင်းပမည့် မြိုတော်ခန်းမအနီးရှိ စင်မြင့်အထိ တန်းစီလမ်းလျှောက်ခဲ့ပြီး နိုင်ငံတော်အလံနှင့် သာသနာတော်အလံများ ကိုင်ဆောင်ကာ”အမျိုးဘာသာသာသနာအား ဖျက်ဆီးသည့် အကြမ်းဖက်အဖွဲများအား ချေမှုန်းကြ၊ အကြမ်းဖက် အစွန်းရောက်လုပ်ရပ်များ အလိုမရှိ၊ ပြည်ပဩဇာခံ ပြည်ဖျက်မိစ္ဆာများ အလိုမရှိ၊ အချုပ်အခြာအာဏာကို ထိပါးစော်ကားလာသော ပြည်ဖျက်မိစ္ဆာများအား ဆန့်ကျင်ကြ၊ သာသနာကို ဖျက်ဆီးသော အကြမ်းဖက်သမားများအား ဆန့်ကျင်ကြ”စသည့် စာတမ်းများပါသည့် ဗီနိုင်းများကိုင်ဆောင်၍ လှည့်လည်ကန့်ကွက်ရှုတ်ချခဲ့ကြကြောင်း၊ ကန့်ကွက်ရှုတ်ချပွဲကို ဦးဆောင်သူများက အသီးသီးဟောပြောခဲ့ပြီးနောက် အမျိုးသားရေးသီချင်းများ ဖွင့်လှစ်သီဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

PAN