ရန်ကုန်–မန္တလေးအမြန်လမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား

(မှုခင်း) ‌မေ ၂၅

ရန်ကုန်–မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၃၃/၆) နှင့် (၃၃၃/၇) ကြား၌ မေ ၂၅ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်သတင်းရရှိသဖြင့် စကားအင်းအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်ပေါ်တွင် ကျား ၃ ဦး၊ မ ၃ ဦး စုစုပေါင်း ၆ ဦး လိုက်ပါလာခဲ့ပြီး ယင်းတို့အနက် မ ၂ ဦး သေဆုံးခဲ့ကာ ကျား ၃ ဦးမှာ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် မ ၁ ဦးမှာ စိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး လူမှုကူညီရေးအသင်းယာဉ်ဖြင့် တံတားဦးမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးခဲ့ကြောင်း သိရသည်။