
(မှုခင်း) မေ ၂၅
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်တွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ အကွက်အမှတ် (၄၁၅/N2)၊ ၁၀×၁၁ လမ်းကြား၊ ၈၇ လမ်းရှိ ဦးဝင်းလှိုင် ပိုင်ဆိုင်သည့် ၂၀×၂၅ ပေရှိ သွပ်မိုးထရံကာ ၂ ထပ်နေအိမ်တွင် မေလ ၂၄ ရက်နေ့ ညနေ ၅ နာရီ ၇ မိနစ်အချိန်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နေအိမ်အတွင်းရှိ ခြင်ထောင်ဘေးတွင် ထားရှိသည့် ရေခဲသေတ္တာသွယ်တန်းထားသော မီးပလတ်ခုံ အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အောင်မြေသာစံမြို့နယ်အတွင်းရှိ မီးသတ်စခန်းများမှ တပ်၀င်ဖွဲ့၀င်များ သွားရောက်ငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီခွဲအချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် လူနေအိမ် ၈ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် ၁၈၇၅၆၀၀၀ ခန့်ရှိကြောင်းနှင့် မီးပေါ့ဆစွာ အသုံးပြုခဲ့သူ ဦးဝင်းလှိုင်အား သက်ဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။