ဆန်ချို အား ယူရို ၄ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ဒေါ့မွန်အသင်း

ဇန်နဝါရီ ၁၃

ဒေါ့မွန်အသင်းအနေနဲ့ ဆန်ချို ကို မန်ယူအသင်းဆီက‌နေ ရာသီဝက်အငှားနဲ့ ပြန်လည်ခေါ်ယူခြင်းအတွက် ယူရို ၄ သန်းသာ ပေးချေရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ရာသီကုန်မှာ အပြီးသတ်ခေါ်ယူနိုင်မယ့်အချက် မပါဝင်ဘူးလို သိရတယ်။

ဆန်ချို ဟာ မန်ယူအသင်း နည်းပြဖြစ်သူ အဲရစ်တန်ဟက်ဂ် နှင့် အဆင်မပြေဖြစ်ခဲ့ပြီး သြဂုတ်လကတည်းက ပွဲကစားခွင့်မရတာကြောင့် အသင်းဟောင်း ဒေါ့မွန်သို ပြန်လည်ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။

ဆန်ချို အနေနဲ့ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှာ ဒေါ့မွန်အသင်းအနေ မန်ယူအသင်းထံသို ပေါင် ၇၃ သန်း (ယူရို ၈၅ သန်း)နဲ့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ခြေစွမ်းကောင်းတွေ ပြသနိုင်ခြင်းမရှိဘဲ သုံးရာသီအတွင်း ၈၂ ပွဲကစား၊ ၁၂ ဂိုးသာ သွင်းယူထားနိုင် ခဲ့ပါတယ်။

PAN