ကျောက်တန်းမြို့တွင် WY စိတ်ကြွမူးယစ်ဆေးဝါး ရောင်းချသူ လင်မယားအား ဖမ်းဆီးအရေးယူ

ဇန်ရဝါရီ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်မြို့နယ်၊ ရွှေပျောက်ကျေးရွာအုပ်စု၊ ဆေးဘိုဝကျေးရွာ၊ ဓမ္မာရုံလမ်း၊ ကျူးတဲစုတွင် နေထိုင်သော WY စိတ်ကြွမူးယစ်ဆေးဝါး  ရောင်းချသူ လင်မယားအား ယနေ့မွန်းလွဲပိုင်းအချိန်တွင် သတင်းအရ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ကြောင်းသိရသည်။

ဖြစ်စဥ်မှာ နေအိမ်တွင်မူးယစ်ဆေးဝါးများ ရောင်းချနေကြောင်းသတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေ ဖမ်းဆီးရာ ဦးမိုးအောင် ၅၇ နှစ်၊ (ဘ)ဦးအေး ဓမ္မာရုံလမ်း ကျူးတဲစုရွှေပျောက်ကျေးရွာအုပ်စု၊ ဆေးဘိုဝကျေးရွာနေသူနှင့် ဇနီးဖြစ်သူ ဒေါ်ခင်စန်မြင့် ၅၂ နှစ်၊ (ဘ)ဦးအောင်သန်း(လိပ်စာတူ)တို့နှစ်ဦးအား သွပ်မိုး ဝါးခင်းထရံကာ နေအိမ်ဧည့်ခန်းတွင် ထိုင်လျှက်တွေ့ရှိရကြောင်း၊ ဆက်လက်၍ ၎င်းတို့နေအိမ်အတွင်းဝင်ရောက်ရှာဖွေရာ မီးဖိုချောင်အိုးခွက်ပန်းကန်များ တင်ရာတွင် ထားရှိသော စင်ပေါ်ရှိ အတာအိုးအတွင်း ကြွပ်ကြွပ်အိတ်အမည်း အပိုင်းအစ ဖြင့်ပတ်ထားပြီး အအေးပိုက် ဖြင့်ထုတ်လျှက် ပိုက်တစ်ခုလျှင် ‘WY ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၁ဝ ပြားပါ ၆ ခု၊ ၉ ပြားပါ ၁ ခု၊ ၈ ပြားပါ ၁ ခုစုစုပေါင်း WY ပန်းရောင်စိတ်ကြွရှုးသွပ်ဆေးပြား ၇၇ ပြားအားလည်းကောင်း မူးယစ်ဆေးဝါးရောင်းချ ရန်အတွက် ထည့်သွင်းအသုံးပြုသော အအေးပိုက်အဖြူရောင် ၃ ခုအား လည်းကောင်း၊ နေအိမ်အိပ်ခန်း ဝါးလုံးခေါင်းအတွင်းမှ WY စိတ်ကြွရှုးသွပ်ဆေးပြား အအေးပိုက်တစ်ခုလျှင် ၁၀ ပြားပါ ၁ ခု၊ ၅ ပြားပါ ၄ ခု၊ စုစုပေါင်း WY စိတ်ကြွရှူးသွပ်ဆေးပြား ၃၀ ပြားအားလည်းကောင်း စုစုပေါင်း WY ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၁၀၇ ပြားအား သိမ်းဆည်းရမိကြောင်း သိရသည်၊

အဆိုပါ WY ပန်းရောင်စိတ်ကြွရှုးသွပ်ဆေးပြား ၁ဝ၇ ပြားအား ဖြန့်ဖြူးရောင်းချရန် လက်ဝယ်ထားရှိသူ လင်မယားနှစ် ဦးအား ကျောက်တန်းမြို့မရဲစခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ မယ(ပ) ၁/၂၀၂၄၊ မူး/စိတ်ဥပဒေပုဒ်မ-၁၉(က)အရ ဖမ်းဆီးအမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်၊