စားသောက်ကုန်သင်္ဘော စစ်တွေဆိပ်ကမ်း ရောက်ရှိ”

ဇန်နဝါရီလ ၁၁

အခြေခံစားသောက်ကုန်များ သယ်ဆောင်လာတဲ့ MV Moon Light ကုန်တင်သင်္ဘောကြီးဟာ ဇန်နဝါရီလ ၈ ရက်၊ ညနေပိုင်းက ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ရောက်ရှိခဲ့တယ်လို့ ပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။
အဲဒီအခြေခံစားသောက်ကုန်တွေကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့အစီအစဉ်နဲ့ ရန်ကုန်မြို့ကနေ သယ်ယူ လာတာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဥပဒေချုပ် ဦးလှသိန်း က ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ကုန်းလမ်း၊ ရေလမ်းတွေ ပိတ်ထားပြီးနောက် ပထမဆုံး အဖြစ် အခုလိုစားသောက်ကုန်တွေ တင်ဆောင်လာတဲ့သင်္ဘော ရောက်ရှိလာတာဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို စားသောက်ကုန်တွေ တင်ဆောင်လာတဲ့ သင်္ဘောကြီးဝင်လာတဲ့အတွက် အခြေခံစားသောက်ကုန် တချို့ ဈေးကျပြီး အရင်လိုဈေးနှုန်းပြန်ဖြစ်ဖို့ မျှော်လင့်မိတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ အခုရောက်ရှိလာတဲ့ သင်္ဘောမှာ အောက်တိန်း 92 စက်သုံးဆီ၊ စားအုန်းဆီ၊ စားသောက်ကုန်တွေ၊ တည်ဆောက်ရေးသုံးပစ္စည်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေ၊ ကျန်းမာရေးသုံးပစ္စည်းတွေနဲ့ ဆေးဝါးတွေ စုစုပေါင်းတန်ချိန် ၂,၀၀၀ ကျော် တင်ဆောင်လာတာ ဖြစ်ပါတယ်။
ပြည်နယ်အစိုးရအဖွဲ့အနေနဲ့လည်း ကုန်ဈေးနှုန်းတွေကျဆင်းရေးအတွက် ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ဆီစက်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ စက်သုံးဆီလုပ်ငန်းရှင်တွေနဲ့ စစ်တွေမြို့မ ဈေးကော်မတီတို့ ပူးပေါင်းပြီး ရေကြောင်းနဲ့ကုန်သွယ်မှုတွေ ဆက်လက်လုပ်ဆောင်သွားနိုင်ဖို့ ဆောင်ရွက်လျက်ရှိ တယ်လို့ သိရပါတယ်။

#PAN

Telegram link

https://t.me/positiveanglenews