စစ်ကိုင်းမြို့နယ် ထန်းတောကျေးရွာအနီး အကြမ်းဖက် PDFများ၏ အလောင်း လက်နက် ခဲယမ်း ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


ဇန်နဝါရီလ ၈

ယမန်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ၊ စစ်ကိုင်းမြို့နယ် ၊ ထန်းတောကျေးရွာအနီးတွင် အကြမ်းဖက်PDFများသွားလာလှုပ်ရှားနေကြောင်း တာဝန်သိပြည်သူများ၏ လျှိုဝက် သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ကင်းပုန်းဝပ်စောင့်ဆိုင်းနေစဉ် အကြမ်းဖက် PDF များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါထိတွေ့မှုတွင် အကြမ်းဖက် PDF ၄ လောင်း ၊ Mark II ကား ၁စီး ၊ လက်လုပ်သေနတ် ၂ လက် ၊ FGC-9 MK 2 သေနတ် ၃လက် ၊ ၉မမ ကျည် ၁၂ တောင့် ၊ ကျည်အိမ် ၃ ခု ၊ ဝရိန်ပုံး ၁ ခု ၊ ပြောက်ကျားအင်္ကျီ ၁ စုံ ၊ယာဉ်နံပါတ်ပြား ၃ ခု တို့အား သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးအဖွဲ့ဝင်များထိခိုက်မှုမရှိကြောင်း သိရှိရပါသည်။

#PAN

Telegram Link

https://t.me/positiveanglenews