“MLWC အဓိကပွဲစဥ်မှာ ကျော်စွာဝင်းက ထိုင်းဖိုက်တာကို အလဲထိုးနဲ့အနိုင်ရရှိ”

ဇန်နဝါရီ ၅

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်က လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ မြန်မာ့ရိုးရာလက်ဝှေ့ကျော် များနှင့် ထိုင်းရိုးရာမွေထိုင်းချန်ပီယံများရဲ့ ရိုးရာလက်ဝှေ့ပြိုင်ပွဲ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ (MWLC) ကို ရန်ကုန်မြို့၊ သုဝဏ္ဏ အားကစားပြိုင်ပွဲရုံ (၁) မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။


အဓိကတွဲဆိုင်းအနေဖြင့် အနာဂတ် မြန်မာပြည်ချန်ပီယံ အဖြစ်ထင်ကြေးတစ်ချို့ရထားသည့် ရိုးရာလက်ဝှေ့ ပထမတန်းက ရှုံးပွဲမရှိ စံချိန်ပိုင်ရှင် ကျော်စွာဝင်းနှင့် One Championship မှာ လက်ရှိထိုးသတ်နေတဲ့ Max Muay Thai နှင့် Max Thai Lumpinee ချန်ပီယံ ဝါရင့်မွေထိုင်းဖိုက်တာ Pong Siri တို့ ထိုးသတ်ခဲ့ကြပါတယ်။

အဆိုပါပွဲစဥ်မှာ ကျော်စွာဝင်းရဲ့ လက်သီးချက်ကြောင့် ဝါရင့်မွေထိုင်းဖိုက်တာ Pong Siri ဟာ အနားတောင်း ခဲ့ရပြီး ဒုတိယအချီ ၂ မိနစ်နှင့် ၄၀ စက္ကန့်အကျော်တွင် ကျော်စွာဝင်းရဲ့ တံတောင်ကြောင့် အကွဲဒဏ်ရာ ပြင်းထန်စွာ ရရှိသွားခဲ့ တာကြောင့် ဒိုင်ပွဲရပ်နဲ့ ကျော်စွာဝင်း က အနိုင်ရရှိသွားခဲ့တယ်လို့ သိရပါတယ်။


နောက်ထပ် အဓိကတွဲဆိုင်းတစ်ဆိုင်းဖြစ်တဲ့ မြန်မာ့လက်ဝှေ့ကျော် ရာမာန် နှင့် အဆင့်မြင့်မွေထိုင်း အဖွဲ့အစည်းများဖြစ်တဲ့ Max Muay Thai နှင့် Thai Fight က ချန်ပီယံ Warajaklek တို့ ထိုးသတ်ခဲ့ကြပြီး ၅ ချီပြည့်တဲ့ အထိ အရှုံးအနိုင်မပေါ်ခဲ့တဲ့ အတွက် ပူးတွဲသရေအဖြစ် သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

#PAN