ကျောက်တံခါးမြို့နယ်ရှိ ၂၃၀ကေဗွီ ဓာတ်အားလိုင်း သွယ်တန်းသည့် တိုင်သုံးတိုင်အား အကြမ်းဖက်PDFအဖွဲ့မှ မိုင်းထောက်ဖောက်ခွဲ


ဇန်နဝါရီ ၄
ပဲခူးတိုင်း​ဒေသ​ကြီး၊ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာ၏ တောင်ဘက် ကိုက်(၃၀၀)ခန့်အကွာရှိ ၂၃၀ ကေဗွီ တောင်ငူ-သာယာကုန်း ဓာတ်အားလိုင်း တိုင်အမှတ် (၂၅ဝ ၊၂၅၁နှင့် ၂၅၂) တိုင်(၃)တိုင်တို့အား ယနေ့နံနက် ၃နာရီအချိန်ခန့်က အကြမ်းဖက်အုပ်စုအဖွဲ့မှ မိုင်းထောင်ဖောက် ခွဲခဲ့ကြောင်း သိရသည်။
အဆိုပါ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ​ဓာတ်အားလိုင်းတိုင်အမှတ် (၂၅ဝ)၊ (၂၅၁)နှင့် (၂၅၂) တိုင် (၃)တိုင် အောက်ခြေမှ ပြတ်ထွက်ကာ မြေသို့ လဲကျသွားကြောင်း သိရသည်။

#PAN

Telegram link

https://t.me/positiveanglenews