ယူကရိန်းပဋိပက္ခတွင် အမေရိကန်က တိုက်ရိုက်ပါဝင်လာနိုင်ဟု ဂျိုးဘိုင်ဒင် ပြော

ဒီဇင်ဘာ ၃၁

      ယူကရိန်းပဋိပက္ခသည် NATO တပ်ဖွဲ့၏ လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်သောကြောင့် အမေရိကန် အနေဖြင့် ထိုပဋိပက္ခတွင် တိုက်ရိုက်ပါဝင်လာနိုင်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က သတိပေးလိုက်သည်။

      ရုရှားတပ်ဖွဲ့အနေဖြင့် ပြီးခဲ့သည့်ရက်များအတွင်း အုပ်စုဖွဲ့တိုက်ခိုက်မှု ၅၀ နှင့် အကြီးစားတိုက်ခိုက်မှုများကို လုပ်ဆောင်နိုင်ခဲ့ကြောင်းနှင့် ပစ်မှတ်များကိုထိရောက်စွာ ချေမှုန်းနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြီးနောက် ဂျိုးဘိုင်ဒင် ၏ ပြောဆိုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

     ယခုကဲ့သို့သော တိုက်ခိုက်မှုများသည် ယူကရိန်းကို ကျော်လွန်လာနိုင်ကြောင်းနှင့် NATO တပ်ဖွဲ့နှင့်ဥရောပ တို့၏လုံခြုံရေးကို ထိခိုက်လာစေနိုင်ကြောင်း ဂျိုးဘိုင်ဒင် က ဆက်ပြောသည်။ အလားတူ ယင်းကဲ့သို့ဖြစ် လာပါက ယူကရိန်းပဋိပက္ခတွင် အမေရိကန်က တိုက် ရိုက်ပါဝင်လာနိုင်ပြီး ထို၏ အကျိုးဆက်များသည် ကမ္ဘာတစ် ဝန်းသို့ပျံ့နှံ့သွားနိုင်ကြောင်း ၎င်းကသတိ ပေးထားသည်။

      ဂျိုးဘိုင်ဒင်အစိုးရက ယူကရိန်းသို့ ထောက်ပံ့ပေးနေမှုများကို ရီပတ်ဘလင်ကန်များက လွှတ် တော်တွင် ကန့်ကွက်ပြီးနောက် အဆိုပါထောက်ပံ့မှုများ ပြန်လည်ရရှိစေရေးအတွက် အဓိကဦး တည်၍ ဂျိုးဘိုင်ဒင် က ယခုကဲ့သို့ပြောလာခြင်းဖြစ်သည်။

      တစ်ချိန်တည်းမှာပင် ရုရှား၏အထူးစစ်ဆင် ရေးအောင်မြင်မှုက မည်မျှအတိုင်းအတာအထိ ရောက်ရှိ နေပြီကို ဘိုင်ဒင်၏ ထုတ်ပြန်ချက်အပေါ် ကြည့်ခြင်းအားဖြင့် သိရှိနိုင်ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီးက ပြောထားသည်။

#PAN