ကန့်ဘလူခရိုင်အတွင်း တန်းဖိုးနည်း စားသုံးဆီဖြန့်ဖြူးရောင်းချပေးရန် လာသည့် ဆီသယ်ယာဥ်ကားကို PDFဂိတ်မှ ကြားဖြတ်ဖမ်းဆီး သိမ်းယူ

ဒီဇင်ဘာ ၃၁

ယနေ့ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊အတွင်းသို့ဒေသခံပြည်သူများစားသုံးဆီသက်သာချောင်ချိရေးအတွက်ရောင်းချပေးရန် စားသုံးဆီသယ်လာသည့်ကားကို အကြမ်းဖက်PDFအဖွဲ့က ဖမ်းဆီးသိမ်းယူသွားကြောင်းသိရှိရပါသည်။

ဖြစ်စဉ်မှာ ကန့်ဘလူခရိုင်းအတွင်း ပြည်သူများကို သက်သာချောင်ချိရေးအတွက် စားအုန်းဆီများကိုဖြန့်ဖြူးရောင်းချပေးရန် ဆီပေပါ ၄၅ လုံးတင်ဆောင်လာသော ကား ၁ စီးကို ကန့်ဘလူမြို့နယ်ရေကြည်ဦးကျေးရွာရှိ အကြမ်းဖက် PDFဂိတ်မှ
ဖမ်းဆီးယူဆောင်သွားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါစားဆီးများကို ကန့်ဘလူမြို့နယ်နှင့်ကျွန်းလှမြို့နယ်သို့ တန်ဘိုးနည်းနည်းဖြင့် ရောင်းချပေးရန်သယ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပြီး ယခုလို အကြမ်းဖက်PDFဂိတ်က ကြားဖြတ်ဖမ်းဆီးသိမ်းယူသည့်အတွက် ဒေသခံပြည်သူများက
စားဆီဈေးများ အဆမတန်တက်ရောက်လာမည်ကိုစိုးရိမ်လျက်ရှိကြောင်းသိရှိရပါသည် ။

#PAN

Telegram link

https://t.me/positiveanglenews

One thought on “ကန့်ဘလူခရိုင်အတွင်း တန်းဖိုးနည်း စားသုံးဆီဖြန့်ဖြူးရောင်းချပေးရန် လာသည့် ဆီသယ်ယာဥ်ကားကို PDFဂိတ်မှ ကြားဖြတ်ဖမ်းဆီး သိမ်းယူ

Comments are closed.