တရုတ်နိုင်ငံက ကမ္ဘာပေါ်တွင် မော်တော်ကားအများဆုံး တင်ပို့သူဖြစ်လာမည်

ဒီဇင်ဘာ ၃၁

      တရုတ်နိုင်ငံသည် ယခုနှစ်အတွင်း ပြည်ပသို့ မော် တော်ကားအများဆုံး တင်ပို့သူဖြစ်လာမည် ဖြစ် ကြောင်း နှင့် ထိုသို့တင်ပို့နိုင်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း တရုတ်မော်တော်ကား ထုတ်လုပ် သူများအသင်း၏ ကနဦး အချက်အလက်များအရ သိရသည်။

      တရုတ်နိုင်ငံအနေဖြင့် ယခုနှစ် ဇန်နဝါရီလမှ နိုဝင် ဘာလအထိ မော်တော်ကားအစီးရေ ၄ ဒသမ ၄၁ သန်းကို တင်ပို့နိုင်ခဲ့ရာ ပြီးခဲ့သည့်နှစ် အလားတူကာလကထက် ၅၈ ရာခိုင်နှုန်းမြင့်တက်လာသည်ကို တွေ့ရသည်။

      ထို့ကြောင့် တရုတ်နိုင်ငံသည် ယခုနှစ်အတွင်း မော် တော်ကားတင်ပို့မှု အစီးရေ ၄ ဒသမ ၃ သန်းသာရှိသည့် ဂျပန်နိုင်ငံကိုကျော်လွန်ကာ မော်တော် ကားအများဆုံး တင်ပို့နိုင်သူနေရာသို့ ရောက်ရှိလာနိုင်ခြင်းဖြစ်သည်။

      ကမ္ဘာပေါ်တွင် ဂျပန်နိုင်ငံက ကမ္ဘာတစ်ဝန်းသို့ မော် တော်ကားအများဆုံး တင်ပို့သူအဖြစ် အစဉ် တစိုက်နီးပါး ရပ်တည်ခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် ဂျာမနီနိုင်ငံ၏ ကျော်တက်မှုကိုတစ်ကြိမ်၊ ယခုနှစ်တွင် တရုတ်နိုင်ငံ၏ ကျော်တက်မှုကိုတစ်ကြိမ် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

      ယခုအခါ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် မော် တော်ကားအစီးရေအများဆုံး ထုတ်လုပ်သူအဖြစ် ရပ်တည်လာနိုင်ရေး ရည်မှန်းထားပြီး ထိုရည်မှန်းချက်အတွက်လည်း လျှပ်စစ်ကားများကို အဓိကဦးစားပေး ထုတ်လုပ် သွားမည်ဖြစ် ကြောင်း သိရသည်။

#PAN