အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂါဇာကမ်း မြောင်ဒေသရှိ နေအိမ် ၇၀ ရာခိုင်နှုန်းကျော် ပျက်စီးခဲ့

ဒီဇင်ဘာ ၃၁

      ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက ၃ လနီးပါး မဆုတ်မနစ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းတို့ ဝိုင်းရံထားသည့် နေအိမ် ၇၀ ရာခိုင်နှုန်း ပျက်စီးခဲ့ကြောင်း အစိုးရမီဒီယာရုံးမှ သိရသည်။

     နောက်ထပ်အသေးစိတ်အချက်အလက်များကို မဖော်ပြထားသော်လည်း အစ္စရေး၏ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရှေးဟောင်းအမွေအနှစ်များနှင့် ရှေးဟောင်း သုတေသနနေရာ ၂၀၀ ကျော် ဖျက်ဆီးခံခဲ့ရသည်ဟု အစောပိုင်းအစီရင်ခံစာက ဖော်ပြခဲ့သည်။

      အစ္စရေး၏ တိုက်ခိုက်မှုများတွင် အိမ်ခြေ ၄၃၉,၀၀၀ မှ ၃၀၀,၀၀၀ ခန့် ပျက်စီးသွားခဲ့ကြောင်း Wall Street Journal သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။  ဂြိုလ်တုဓာတ်ပုံများကို ပိုင်းခြားလေ့လာရာတွင် အဆိုပါ ဗုံး ၂၉,၀၀၀ သည် လူနေရပ်ကွက်များ၊ ဘိုင်ဇန်တိုင်း ဘုရားကျောင်းများ၊ ဆေးရုံများနှင့် ဈေးဝယ်စင်တာများ နှင့် အရပ်ဘက်အခြေခံအဆောက်အအုံများ ပြုပြင်မွမ်းမံနိုင်ခြင်း မရှိသည့်အတိုင်းအတာအထိ ပျက်စီးသွားခဲ့ကြောင်း အစီရင်ခံ စာတွင် ဖော်ပြထားသည်။

      “ဂါဇာ” ဟူသော စကားလုံးသည် ဒရက်စဒင် [ဂျာမနီ] နှင့် ဗုံးကြဲခံရသော အခြားနာမည်ကြီးမြို့များနှင့်အတူ သမိုင်းတွင် ပျောက်ကွယ်သွားတော့သည်” ဟု ဝေဟင်ဗုံးခွဲမှုသမိုင်းအကြောင်း ရေးသားခဲ့သူ ချီကာဂိုတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပညာရှင် Robert Pape က ၊WSJ ကို ပြောကြားခဲ့ပါတယ်။

     နှစ်လနီးပါးအတွင်း အဆိုပါထိုးစစ်သည် ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ကို ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း၊ ယူကရိန်းနိုင်ငံ Mariupol သို့မဟုတ် ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တပ်များ၏ ဗုံးကြဲတိုက် ခိုက်မှုထက် ပိုမိုဖျက်ဆီးခံခဲ့ရသည်။  ISIL (ISIS) အဖွဲ့ကို ဆန့်ကျင်သည့် သုံးနှစ်ကြာ စစ်ဆင်ရေးတွင် အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့ က ပြုလုပ်ခဲ့သည့် ထက် အရပ်သားများကို ပိုမိုသတ်ဖြတ်ခဲ့သည်။

     ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးစစ်တပ် ၏ စစ်ဆင်ရေးသည် ယခုအခါ မကြာသေးမီက သမိုင်းတစ်လျှောက် လူအသေအပျောက်အများဆုံးစာရင်းတွင် ပါဝင်နေပြီး လူပေါင်း ၂၁,၅၀၀ ကျော် သေဆုံးကာ ၅၅,၀၀၀ ဒဏ်ရာရရှိခဲ့ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။ အောက် တိုဘာ ၇ ရက်ကတည်းက အစ္စရေးရဲ့ တိုက်ခိုက်မှုများမှာ ကလေးငယ် ၁၀၀၀ ကျော်သည် သူတို့၏ ခြေလက်များ ဖြတ်တောက်ခံခဲ့ရသည်ဟု Aljazeera သတင်းတွင် ဖော်ပြထားသည်။

#PAN