မြန်မာနိုင်ငံ၏ ပထမဆုံးအဖြစ် အသွင်ဆန်းပြားသော မြန်မာ့အနုပညာ ကနုတ်ဒီဇိုင်းနှင့် Electronic Music ကို ပေါင်းစပ်ပုံဖော်ဖန်တီးထားသည့် စတိတ်စင်ကို Yangon New Year Countdown ပွဲကြီးတွင် အသုံးပြုမည်

ဒီဇင်ဘာ ၃၀

     မြန်မာနိုင်ငံ၏ ပထမဆုံးအဖြစ် မြန်မာ့အနု ပညာ ကနုတ်ဒီဇိုင်းနှင့် Electronic Music ကို ပေါင်းစပ်ပုံဖော်ဖန်တီးထားသည့် စတိတ်စင်ကို Yangon New Year Countdown ပွဲကြီးတွင် အသုံးပြုသွားမည်ဟု စတိတ်စင်ကို ပုံဖော်ဖန်တီးသည့် Stage Design by Art of Nature မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

       Yangon New Year Countdown ပွဲကြီး ကို ဒီဇင်ဘာ ၃၀ ရက် မှ ၃၁ ရက်ထိရန်ကုန်မြို့ရှိ Thuwanabumi Event Park ၌ ကျင်းပမည်ဖြစ်ကာပွဲတွင် အသုံးပြုမည့် အဆိုပါစတိတ်စင်သည်
Electronic Music နှင့် မြန်မာ့ယဉ်ကျေးမှု အနု ပညာအငွေ့အသက်တို့ ပေါင်းစပ်မှုတို့ကို တွေ့မြင်ခံစားနိုင်စေရန် ဖန်တီးထားခြင်းဖြစ်ကြောင်း သိရသည်။

      “အဓိကကတော့ ကနုတ်ပါ။ ကနုတ်ကိုမှ အများကြီးရှိတယ်။ ထိုင်းနိုင်ငံမှာ လည်းရှိတယ်။ တရုတ်မှာလည်းရှိတယ်။ နိုင်ငံတိုင်းရဲ့ရိုးရာမှာ ဒီလိုဒီဇိုင်းကတော့ ရှိကြတယ်။ ဒါပေမဲ့ ကျွန်မတို့ယူထားတာမြန်မာ့ကနုတ်လက်ရာနဲ့ပါ။ ဒါက မြန်မာ့ယဉ်ကျေးမှုနဲ့ပေါင်းစပ်ထားတာ အများ သိ အောင်ဖြန့်ချင်တဲ့သဘောပါ။ အဓိကက မြန်မာ့ယဉ်ကျေးမှုအနုပညာကိုပြချင်တဲ့သဘောပေါ့။ တော်ရုံလူတွေအနေနဲ့ကတော့ ဒီနှစ်ခုကို တွဲပြီးမြင်နိုင်ဖို့က ခက်ခဲတယ်လေ”ဟု ၎င်းကဆိုသည်။

      Yangon New Year Countdown ပွဲတွင် ပြည်တွင်းနှင့် ပြည်ပမှ ဂီတပညာရှင်များ ဖျော်ဖြေမည်ဖြစ် ကြောင်း သိရသည်။

#PAN