ဝန်းသိုမြို့နယ်တွင် တာဝန်သိပြည်သူများ၏ လျှို့ဝှက်သတင်း ပေးပို့မှုအရ အကြမ်းဖက် PDF အဖွဲ့ကို တပ်မတော်က စောင့်ဆိုင်းတိုက်ခိုက် PDF အလောင်း ၁၄ လောင်းနှင့်အတူ လက်နက်ခဲယမ်းနှင့် ယာဥ်များ သိမ်းဆည်းရမိ

ဒီဇင်ဘာ ၂၈

     စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် နယ် မြေရှင်းလင်းရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းနှင့် အကြမ်းဖက်သောင်းကျန်း သူ PDF (စိစစ်ဆဲ)အဖွဲ့တို့ ဝင်းကြီးကျေးရွာအနီးတွင် ယမန်နေ့ ညနေပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

      တာဝန်သိပြည်သူများ၏ လျှို့ဝှက် သတင်း ပေးပို့မှုအရ တပ်မတော်စစ်ကြောင်းက ဝင်းကြီးကျေးရွာအနီးတွင် ကြိုတင်စောင့်ဆိုင်းနေစဥ် ညနေ ၅ အချိန်ခန့်တွင် အဆိုပါ အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့ (အင်အားစိစစ်ဆဲ)သည် ကောလင်းမြို့နယ်ဖက်မှ ဝန်းသိုမြို့နယ်ဖက်သို့ မော်တော်ယာဥ်၊ ဆိုင်းကယ်များဖြင့် ချီတက်လာစဥ်  ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရပါသည်။

     ထိုသို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာမှ ဖြစ်စဥ်နေရာတွင် အကြမ်းဖက် PDF အလောင်း ၁၄ လောင်းနှင့်အတူ လက်လုပ်စိန်ပြောင်း ၃ လက်၊ ၄၀ မမ ဗုံးသီး ၆ လုံး၊ အမ်-၂၂ ကျည် ၃၅၂ တောင့်၊ အမ်-၂၂ ကျည်အိမ် ၁ ခု၊ အိုင်ကွန် ၅ လုံး၊PDF တံဆိပ်ပါအစိမ်းရောင်ယူနီဖောင်း ၃ စုံ၊ပြောက်ကျားကျောပိုးအိတ် ၆ လုံး၊ ဆိုင်ကယ် ၅ စီး၊ ကား ၁ စီး တို့ကို သိမ်းဆည်းရမိကြောင်း သတင်း ရရှိပါသည်။

#PAN