ဧရာဝတီတိုင်းဒေသကြီး၊ ကျုံမငေးမြို့မှ ငွေဗျိုင်းဖြူစက်သုံးဆီဆိုင်မန်နေဂျာကို တပ်မတော်က ဖမ်းဆီး၍ ငွေတောင်းကာပြန်လွှတ်ပေးခဲ့ကြောင်း သတင်းတု၊ သတင်းမှား များ လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားဖြန့်ဝေလျက်ရှိ

ဒီဇင်ဘာ ၂၆

      ဧရာဝတီတိုင်းဒေသကြီး၊ ကျုံမငေးမြို့မှ ငွေဗျိုင်းဖြူ စက်သုံးဆီဆိုင်မန်နေဂျာကို လူမှုကွန်ရက်စာ မျက်နှာပေါ်တွင် အကြမ်းဖက်သောင်း ကျန်းသူများအား ထောက်ခံသည့် စာသားများရေးသားသည်ဟု အကြောင်းပြ၍ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် လုံခြုံရေး တပ်ဖွဲ့ ဝင်များက ဖမ်းဆီးခဲ့ပြီး ငွေကျပ် သိန်း ၄၀ တောင်း၍ ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို  Ayeyarwaddy Times က လူမှုကွန်ရက်စာ မျက်နှာတွင် ရေးသား ဖြန့်ဝေလျက်ရှိသည်ကိုတွေ့ရှိရပါသည်။

      နိုင်ငံတော်မှ စက်သုံးဆီအမှန်တကယ်လိုအပ်သည့် အများပြည်သူများ လွယ်ကူလျင်မြန်အချိန်ကုန်သက် သာစွာဖြင့် လိုအပ်သည့် မည်သည့်စက်သုံးဆီ အမျိုးအစားကို မဆို နေရာမရွေး၊ အချိန်မရွေး ပုံမှန်လိုအပ်သည့်ပမာဏအတိုင်း ဝယ်ယူရရှိနိုင်ရန်အတွက် စီမံဆောင်ရွက်လျက်ရှိသည့်အပြင် စက်သုံးဆီအရောင်းဆိုင်များတွင်လည်း အကြိမ်ကြိမ် တန်းစီဝယ်ယူကာ တစ်ဆင့်ပြန်လည်ရောင်းချမှုများနှင့် တရားမဝင်သိုလှောင် ရောင်း ချခြင်းများကိုလည်း စစ်ဆေးဖော်ထုတ်ဖမ်းဆီး ၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံမငေးမြို့မှ ငွေဗျိုင်းဖြူ စက်သုံးဆီ ဆိုင်သည် စက်သုံးဆီအမှန်တကယ်လိုအပ်သည့် ဒေသခံတောင်သူလယ်သမားများနှင့် ပြည်သူများအား စက်သုံးဆီလုံလောက်စွာရောင်းချမှုမရှိကြောင်း သတင်းများအရ မြို့နယ်မှတာဝန်ရှိသူ များက ဆိုင်မန်နေဂျာအား ခေါ်ယူစစ်ဆေးခဲ့ခြင်းသာဖြစ်ပြီး ငွေတောင်းယူခဲ့ခြင်း မရှိကြောင်း သိရှိရပါသည်။

      တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် ပြည်သူများအထင်အမြင် လွဲမှားလာ စေရန်နှင့် ကြောက်ရွံ့ထိတ်လန့်လာစေရန် သတင်းတု၊ သတင်းအမှားများ၊ ကောလဟလ သတင်းများကို လုပ်ကြံဖန်တီးရေးသားကာ ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေခြင်း သာဖြစ်ကြောင်း သတင်း ရရှိပါသည်။

#PAN