၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ပြည်ပခရီး သွား ၁ သန်းကျော်ဝင်ရောက်ခဲ့တဲ့အနက် ထိုင်းခရီးသွားအများစုသာ Tourist Visa ဖြင့်ဝင်ရောက်

ဒီဇင်ဘာ ၂၅

      ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ပြည်ပခရီး သွား ၁ သန်းကျော်ဝင်ရောက်ခဲ့ပြီး Tourist Visa ဖြင့် ဝင်ရောက်မှုက ထိုင်းခရီးသွားသာများသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန် ကြီးဌာနကနေ သိရပါသည်။

      တရုတ်ခရီးသွားတွေကတော့ Business Visa ဖြင့် ဝင်‌ရောက်မှုအများဆုံးဖြစ်ပြီး Tourist visa ဖြင့် ဝင်ရောက်မှုကတော့ ထိုင်းခရီးသွားတွေထက် နည်းသည်ဟု သိရပါသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှာ ပြည်ပခရီးသွား ၂ သိန်းကျော် ဝင်ရောက်ခဲ့ရာ Tourist Visa ဖြင့် ခရီးသွားမှာ ၁ သိန်း ကျော်သာ ရှိခဲ့သည်ဟု ခရီး သွားလုပ်ငန်းရှင်များထံမှ သိရပါသည်။

      Tourist Visa ဖြင့် အမှန်တကယ် ခရီးသွားသည့် နှုန်းထားအား ထုတ်ပြန်ပေးပါက ခရီးသွားလုပ်ငန်းများအနေနှင့် တွက်ချက်လို့ရပြီး ခရီးသွားလုပ်ငန်းများအတွက် အထောက်အကူဖြစ်နိုင်သည်ဟု ခရီးသွားလုပ်ငန်းရှင်များက ပြောပါသည်။

     ယခုနှစ် ပြည်ပခရီးသွား ၁ သန်းကျော် ဝင်ရောက်မှုမှာ ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက သိသိသာသာ တိုး တက်များပြားလာသော်လည်း ၂၀၁၉ ခုနှစ်နှင့် ယှဥ်လျှင် ၂၅ ရာခိုင်နှုန်းခန့်သာရှိပြီး ၂၀၁၉ ခုနှစ်က ပြည် ပခရီးသွား ၄ သန်းကျော် အထိ ဝင်ရောက်မှုရှိခဲ့သည်ဟု ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာနမှ သိရပါသည်။

#PAN